ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ယာယီနေရပ်စွန့်ခွာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ပေးအပ်

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တို့အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် တိမ်းရှောင်လာရသော ယာယီနေရပ်စွန့်ခွာသူ များ၏ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် သက်ဆိုင်ရာပြည်နယ်အစိုးရများ၏ စီမံကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ-

  • မေလ ၃၁ ရက်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ပေါ်နေရာ ၁၈ နေရာတို့တွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု ၃၄၆ စု၊ လူဦးရေစုစုပေါင်း ၁,၇၆၅ ဦးအား သွားရောက်တွေ့ဆုံ၍ ၎င်းတို့အတွက် ဆန်အိတ်ပေါင်း ၃၄၆ အိတ်နှင့် ခေါက်ဆွဲခြောက် ၃၄၆ ဖာကို ထောက်ပံ့ပေးအပ်ခဲ့။
  • ဇွန်လ ၂ ရက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ဆီဆိုင်မြို့နယ်အတွင်း ဝင်ရောက်နေထိုင်သည့် ရပ်ကွက်ခြောက်ရပ်ကွက်နှင့်‌ ကျေးရွာခြောက်ရွာတို့မှ ဒေသခံပြည်သူ ၈,၂၀၆ ဦးတို့အတွက် တစ်ဦးကို တစ်ရက်လျှင် ဆန်နို့ဆီ နှစ်ဘူး နှုန်းဖြင့် တစ်လစာ စုစုပေါင်းဆန်အိတ် ၂,၅၆၄ အိတ်အား ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးခဲ့။
  • ဇွန်လ ၃ ရက်မှ ၄ ရက်အထိ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်အတွင်း နေထိုင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာသူ ၂,၂၃၈ ဦးအတွက် စုစုပေါင်းဆန်အိတ် ၂,၀၉၈ ထောက်ပံ့ပေးအပ်ခဲ့။

ပြည်နယ်အစိုးရအနေဖြင့် ယာယီနေရပ်စွန့်ခွာမိသားစုများအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၆-၂၀၂၄)

  • ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ရှိ ယာယီခိုလှုံ နေထိုင်လျက်ရှိသော အိမ်ထောင်စု ၃၄၆ စုအတွက် ဆန်အိတ်ပေါင်း ၃၄၆ အိတ်နှင့် ခေါက်ဆွဲခြောက် ၃၄၆ ဖာကို ထောက်ပံ့ပေးအပ်ခဲ့။
  • ဆီဆိုင်မြို့နယ်အတွင်း ဝင်ရောက်နေထိုင်သည့် ရပ်ကွက်ခြောက်ရပ်ကွက်နှင့် ကျေးရွာ ခြောက်ရွာတို့မှ ဒေသခံပြည်သူ ,၂၀၆ ဦးတို့အတွက် တစ်ဦးကို တစ်ရက်လျှင် ဆန်နို့ဆီ နှစ်ဘူးနှုန်းဖြင့် တစ်လစာ စုစုပေါင်းဆန်အိတ် ,၅၆၄ အိတ်ထောက်ပံ့ ပေးအပ်ခဲ့။
  • မုံရွာခရိုင်အတွင်း နေထိုင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာသူ ,၂၃၈ ဦးအတွက် စုစုပေါင်းဆန်အိတ် ,၀၉၈ ထောက်ပံ့ပေးအပ်ခဲ့။

 

Add new comment