၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

          ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၌ မေလ ၂၃ ရက်မှ ဇွန်လ ၄ ရက်အထိ ကျောင်းသား၊ ကျောင်းသူ ၆,၆၇၂,၃၂၉ ဦးကျောင်းအပ်နှံထားရှိပြီး ၆,၄၁၄,၇၉၉ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။

          အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများ နေရာချထားခြင်း၊ ကျောင်း ကြို/ပို့ ယာဉ်များ စီစဉ်ပေးခြင်းနှင့် ကျောင်းများ သန့်ရှင်းသာယာလှပရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးထားပါသည်။                                                                     

          ထို့ပြင် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထု လုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကျောင်းသားများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးတို့အတွက် လိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား/ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၆-၂၀၂၄)

  • ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မေလ ၂၃ ရက်မှ ဇွန်လ ရက်အထိ ကျောင်းသား၊ ကျောင်းသူ ,၆၇၂,၃၂၉ ဦးကျောင်းအပ်နှံထားရှိပြီး ,၄၁၄,၇၉၉ ဦးအေးချမ်းပျော် ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိ။
  • အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား/ကျောင်းသူ များကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိ။

 

Add new comment