အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုနှင့် ဗုံးသီးပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် သွားရောက်ထောက်ပံ့

CRPH ၊ NUG  နှင့် ၎င်းတို့၏လက်ဝေခံ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက် သောင်းကျန်းသူများက ကလေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ပြည်သူများ အထိန့်တလန့်ဖြစ်စေရန် ရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့်  ဇွန်လ ၄ ရက်တွင် တနင်္သာရီတိုင်း‌ဒေသကြီး ထားဝယ်မြို့သို့ ကျောင်းတက်ရန် ကျောင်းသား၊ ကျောင်းသူများ စီးနင်းလိုက်ပါ  လာသော မော်တော်ယာဉ်အား PDF အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကျောင်းသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ထို့ပြင် ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် ဗုံးသီးပေါက်ကွဲမှုကြောင့် ကျောင်းသား ၁ ဦး သေဆုံးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အပြစ်မဲ့ပြည်သူစုစုပေါင်း ၂၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုနှင့် ဗုံးသီးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား နယ်မြေခံ တပ်မတော်ဆေးရုံနှင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးတို့၌ လိုအပ်သောဆေးကူသမှုများ ပြုလုပ်ပေးနေစဉ်  တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက တစ်ဦးချင်း၏ထိခိုက်မှုများနှင့် ဆေးကုသပေးနေမှုများအား သွားရောက်ကြည့်ရှု၍ အားပေး စကားများ‌ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ‌ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၆-၂၀၂၄)

  • အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုနှင့် ဗုံးသီးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေ များ‌ပေးအပ်ခဲ့။

Add new comment