မေလ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးသည် ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာရှိ မိဘ များထံသို့ လာရောက်စဉ် နယ်ခံ PDF အကြမ်းဖက်သမားများနှင့် စကားများရာမှ ပစ်ခတ်မှုများဖြစ်ပွားကာ PDF အမည်ခံအကြမ်းဖက်သမား ၁ ဦးနှင့် မိသားစုဝင် ၄ ဦး၊ စုစုပေါင်း ၅ ဦးသေဆုံးကာ PDF အမည်ခံအကြမ်းဖက်သမား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။
ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသူက ၎င်း၏ ခေါင်းဆောင်ဖြစ်သူထံတိုင်ကြား ခဲ့ရာ ခေါင်းဆောင်ဖြစ်သူမှ တည်တောကျေးရွာသို့ လာရောက်ရာမှ ဒီပဲယင်းမြို့နယ်ရှိ ဒေသခံ PDF အမည်ခံအကြမ်းဖက်သမားများနှင့် ထပ်မံပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF အမည်ခံအကြမ်းဖက်သမား ၃ ဦး သေဆုံးသွားခဲ့ပါသည်။
PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် လက်နက်အားကိုးဖြင့် ပြည်သူလူထု အပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ၎င်းတို့အပေါ် အားပေး ထောက်ခံမှုမရှိသူများအား အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်သည့်အပြင် ၎င်းတို့အချင်းချင်းသည်လည်း နယ်မြေလုခြင်း၊ အာဏာလုခြင်း၊ ဆက်ကြေးငွေများကို အလွဲသုံးစားပြုလုပ်ခြင်းများ ကြောင့် အချင်းချင်းအနိုင်ကျင့် ဗိုလ်ကျသတ်ဖြတ်မှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၆-၂၀၂၄)
- PDF အမည်ခံအကြမ်းဖက်အဖွဲ့အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၄ ဦးနှင့် ၎င်းတို့၏မိသားစုဝင် ၄ ဦး သေဆုံး၍ အကြမ်းဖက် သမား ၁ ဦး ဒဏ်ရာများ ရရှိခဲ့။
- PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် လက်နက်အားကိုးဖြင့် ပြည်သူလူထု အပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ဖမ်းဆီးနှိပ်စက်သတ် ဖြတ်ခြင်းများအပြင် ၎င်းတို့အချင်းချင်းသည်လည်း နယ်မြေလုခြင်း၊ အာဏာလုခြင်း၊ ဆက်ကြေးငွေများကို အလွဲသုံးစားပြုလုပ်ခြင်းများကြောင့် အချင်းချင်းအနိုင်ကျင့် ဗိုလ်ကျသတ်ဖြတ်မှုများရှိ။
Add new comment