ပို့ကုန်တိုးမြှင့်ရေးညှိနှိုင်းဆွေးနွေးပွဲကို ဇွန်လ ၃ ရက်တွင် ရန်ကုန်မြို့ရှိ တိုင်း ဒေသကြီး ဦးစီးမှူးရုံး၌ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တင်ပို့ရမည့် ပို့ကုန်တန်ဖိုးကို လျာထားသတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ဆန်၊ ပဲ၊ ပြောင်း၊ ရော်ဘာ၊ ပို့ကုန်များ လအလိုက်တင်ပို့ရန် လျာထားသတ်မှတ်ပြီးဖြစ်ကြောင်း၊ ပြည်ပဈေးကွက် ပိုမိုရရှိအောင် ဆောင်ရွက်ရန်၊ ပဲမျိုးစုံနှင့်ပြောင်းကိုလည်း တိုးမြှင့်တင်ပို့နိုင်ရန်၊ ပြည်တွင်းကောက်ပဲသီးနှံ ဈေးကွက်တည်ငြိမ်စေရန်၊ CMP အထည်ချုပ်လုပ်ငန်းများ၊ ငါး၊ ပုစွန်၊ အခြားရေထွက်ပစ္စည်းများ ပိုမိုတင်ပို့ရန်တို့ကို မဖြစ်မနေအား သွန်ခွန်စိုက် ဆောင်ရွက်နိုင်ရန်၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ပို့ကုန်ဆန်သင်္ဘော များ ဦးစားပေးဆိပ်ကမ်းကပ်ခွင့်ရရှိရေး၊ ကုန်သေတ္တာရရှိရေး၊ ကုန်တင်ယာဉ်ရရှိရေးနှင့် ကုန်တင်ဆိပ်ကမ်းများ၏ လိုအပ်ချက်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးရန်တို့ကို တိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၆-၂၀၂၄)
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ပို့ကုန်တိုးမြှင့်ရေးညှိနှိုင်းဆွေးနွေးပွဲတွင် ဆန်၊ ပဲ၊ ပြောင်း၊ ရော်ဘာ၊ ပို့ကုန်များ လအလိုက်တင်ပို့ရန်၊ ပဲမျိုးစုံနှင့်ပြောင်းကိုလည်း တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ငါး၊ ပုစွန်၊ အခြားရေထွက်ပစ္စည်းများ ပိုမိုတင်ပို့ရန်တို့ အား ဆွေးနွေးခဲ့။
Add new comment