ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ယာယီနေရပ်စွန့်ခွာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တို့အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် တိမ်းရှောင်လာရသော ယာယီနေရပ်စွန့်ခွာသူများ၏ စားဝတ်နေရေးအဆင်ပြေစေရေး အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရများ၏ စီမံကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ-

  • မေလ ၃၁ ရက်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ပေါ်နေရာ ၁၈ နေရာတို့တွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု ၃၄၆ စု၊ လူဦးရေစုစုပေါင်း ၁,၇၆၅ ဦးအား သွားရောက်တွေ့ဆုံ၍ ၎င်းတို့အတွက် ဆန်အိတ်ပေါင်း ၃၄၆ အိတ်နှင့် ခေါက်ဆွဲခြောက် ၃၄၆ ဖာကို ထောက်ပံ့ပေးအပ်ခဲ့။
  • ဇွန်လ ၂ ရက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ဆီဆိုင်မြို့နယ်အတွင်း ဝင်ရောက်နေထိုင်သည့် ရပ်ကွက်ခြောက်ရပ်ကွက်နှင့်‌ ကျေးရွာခြောက်ရွာတို့မှ ဒေသခံပြည်သူ ၈,၂၀၆ ဦးတို့အတွက် တစ်ဦးကို တစ်ရက်လျှင် ဆန်နို့ဆီ နှစ်ဘူး နှုန်းဖြင့် တစ်လစာ စုစုပေါင်းဆန်အိတ် ၂,၅၆၄ အိတ်အား ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးခဲ့။

ပြည်နယ်အစိုးရအနေဖြင့် ယာယီနေရပ်စွန့်ခွာမိသားစုများအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၆-၂၀၂၄)

  • ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ရှိ ယာယီခိုလှုံ နေထိုင်လျက်ရှိသော အိမ်ထောင်စု ၃၄၆ စုအတွက် ဆန်အိတ်ပေါင်း ၃၄၆ အိတ်နှင့် ခေါက်ဆွဲခြောက် ၃၄၆ ဖာကို ထောက်ပံ့ပေးအပ်ခဲ့။
  • ဆီဆိုင်မြို့နယ်အတွင်း ဝင်ရောက်နေထိုင်သည့် ရပ်ကွက်ခြောက်ရပ်ကွက်နှင့် ကျေးရွာ ခြောက်ရွာတို့မှ ဒေသခံပြည်သူ ,၂၀၆ ဦးတို့အတွက် တစ်ဦးကို တစ်ရက်လျှင် ဆန်နို့ဆီ နှစ်ဘူးနှုန်းဖြင့် တစ်လစာ စုစုပေါင်းဆန်အိတ် ,၅၆၄ အိတ်ထောက်ပံ့ ပေးအပ်ခဲ့။

Add new comment