ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင်ရောင်းချနေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်လျက်ရှိရာတွင် ဝိသမသမားစီးပွားရေးလုပ်ငန်းရှင်အချို့မှာ ၎င်းတို့၏ ကိုယ် ကျိုးစီးပွားကိုသာရှေးရှုပြီး နိုင်ငံတော်၏စီးပွားရေး၊ ငွေကြေးဈေးကွက် ကမောက်ကမ ဖြစ်စေရန်ရည်ရွယ်၍ ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင် အရောင်းအဝယ်ပြုလုပ်ခြင်း၊ လူမှုကွန်ရက်မီဒီယာများမှ ဆွဲဆောင်စည်းရုံး ရောင်းချခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ရာ-

  • ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများအား တရားမဝင်ရောင်းချခြင်းနှင့် တရားမဝင် ဟွန်ဒီလုပ်ငန်းမှ ငွေကြေးလွှဲပြောင်းခြင်းများဆောင်ရွက်ခဲ့သူ ရန်ကုန်တိုင်းဒေသ ကြီး၊ ပုဇွန်တောင်မြို့နယ်၌ ရုံးခန်းဖွင့်လှစ်ထားသည့် Minn Thu ကုမ္ပဏီမှ တရားခံဒါရိုက်တာဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော် (ထွက်ပြေးတိမ်းရှောင်) တို့အား လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများ၌ ဘဏ်ငွေစာရင်းများ တရားမဝင်ဖွင့်လှစ်ထား သည့် တရားခံ ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန်တို့အား လည်း ကောင်း၊ ပြည်ပနိုင်ငံတွင် တရားမဝင် တိုက်ခန်းဝယ်ယူထားသူများအား လည်း ကောင်း စိစစ်၍ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက် သွားမည်ဖြစ်။

ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများအား Online မှတစ်ဆင့် တရားမဝင် ရောင်းချနေသည့် အခြားကုမ္ပဏီများနှင့် ဝယ်ယူသူများအား ဆက်လက်စိစစ် ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း‌သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၆-၂၀၂၄)

  • ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင်ရောင်းချခြင်းနှင့် တရားမဝင် ဟွန်ဒီလုပ်ငန်းမှ ငွေကြေးလွှဲပြောင်းခြင်းများ ဆောင်ရွက်ခဲ့သူ Minn Thu ကုမ္ပဏီမှ တရားခံ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော် (ထွက်ပြေးတိမ်းရှောင်) တို့အား ဥပဒေများနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်။
  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများ၌ ဘဏ်ငွေစာရင်း များ တရားမဝင်ဖွင့်လှစ်ထားသည့် တရားခံ ၃ ဦးနှင့် ပြည်ပနိုင်ငံတွင် တရားမဝင် တိုက်ခန်းဝယ်ယူထားသူများအား စိစစ်၍ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်။

Add new comment