နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများအနေဖြင့် နိုင်ငံတော် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အနှောင့်အယှက်အဟန့်အတားဖြစ်စေရန် ရည်ရွယ် ၍ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရန် လူမှုကွန်ရက်မီဒီယာများ မှတစ်ဆင့် ဝါဒဖြန့်ချိ ဈေးကစားခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရှိသည့် Money Changer အချို့သည်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်မျဉ်းသတ်မှတ်ချက်များအား ချိုးဖောက်၍ နိုင်ငံခြား ငွေလဲလှယ်နှုန်းများအား ဈေးကစားပြီး နိုင်ငံ့စီးပွားရေး မငြိမ်မသက်ဖြစ်စေရန် ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများ မှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ရာ-
- ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိ သည့် တရားမဝင်နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသူများနှင့် ပွဲစားများ အပါအဝင် စုစုပေါင်း တရားခံ ၁၄ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက်ရှိ။
- ၎င်းတို့၏ စစ်ဆေးဖော်ထုတ်ချက်များအရ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် တရားခံ ၁၁ ဦး အား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း ထွက်ပြေး တိမ်းရှောင်လျက်ရှိ။
ထိုကဲ့သို့ ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက် လျက်ရှိသည့် ဖမ်းဆီးရမိတရားခံ စုစုပေါင်း ၁၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံ ၁၁ ဦးကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၆-၂၀၂၄)
- ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိ သည့် တရားမဝင်နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသူများနှင့် ပွဲစားများ အပါအဝင် စုစုပေါင်း တရားခံ ၁၄ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက်ရှိ။
Add new comment