၂၀၂၄ ခုနှစ် မေလအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ ၈၉၃ ဦး အလုပ်အကိုင်ဖန်တီးပေးနိုင်

၂၀၂၄ ခုနှစ် မေလအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၁.၁) သန်းဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ (၈၉၃) ဦး အား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သည် အခြေခံအားဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ လုံလောက်သည့် မြေ ဧရိယာပေါများခြင်း၊ လုပ်သားအင်အား ပေါကြွယ်ဝခြင်းနှင့်အတူ ဘေးကင်းလုံခြုံပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အာမခံချက်ရှိသည့် နေရာကိုသာ အဓိက ရွေးချယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါသည်။

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန်၊ ဒေသခံ ပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်၊ လူသားအရင်း အမြစ် ဖွံ့ဖြိုးလာစေရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ထုတ်လုပ်မှု၊ ဝန် ဆောင်မှု၊ ကုန်သွယ်မှုကဏ္ဍများ ဖွံဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ယှဉ်တွဲလုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် ဒေသတွင်း နိုင်ငံတကာစံနှုန်းနှင့်ညီသော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်မှ ၂၀၂၄ ခုနှစ်၊ မေလအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်ဒေါ်လာ (၂၀၀.၁၁၅) သန်းနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု မြန်မာငွေကျပ် (၈၁၁၁၁.၀၁၁) သန်း ဝင်ရောက်ခဲ့ပြီး အလုပ် အကိုင်အခွင့်အလမ်း (၁၂၄၉၀) ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၆-၂၀၂၄)

  • ၂၀၂၄ ခုနှစ် မေလအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (.) သန်းဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ (၈၉၃) ဦး အား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့။
  • ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ () ရက်မှ ၂၀၂၄ ခုနှစ်၊ မေလအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်ဒေါ်လာ (၂၀၀.၁၁၅) သန်း နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု မြန်မာငွေကျပ် (၈၁၁၁၁.၀၁၁) သန်း ဝင်ရောက်ခဲ့ ပြီး အလုပ်အကိုင်အခွင့် အလမ်း (၁၂၄၉၀) ဦး ဖန်တီးပေးနိုင်ခဲ့။
  • ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် အခြေခံအားဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်း မွန်ခြင်း၊ လုံလောက်သည့် မြေဧရိယာပေါများခြင်း၊ လုပ်သားအင်အား ပေါကြွယ်ဝ ခြင်းနှင့်အတူ ဘေးကင်းလုံခြုံပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အာမခံချက်ရှိသည့် နေရာ ကိုသာ အဓိက ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်။

 

 

Add new comment