ရွှေတောင်မြို့နယ်၊ မိုင်းပွန်မြို့နှင့် ကလေးမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နိုင်ငံတစ်ဝန်းလုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါသော ပူးပေါင်းအဖွဲ့များသည် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားခြင်းများကို တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင် ရွက်လျက်ရှိရာ-

  • မေလ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်း ဆင်မကြပ်ကျေးရွာအနီးတွင် ထွန်းထွန်းဝင်း မောင်းနှင်ပြီး ထင်ကျော်နှင့် ဟိန်းမင်းမင်း (ခ)မှန်လေးတို့ လိုက်ပါလာသည့် ၆ ဘီးမော်တော်ယာဉ်ကို သတင်းရရှိသဖြင့် ရှာဖွေခဲ့ရာ ကားပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၄.၄၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉.၅ သိန်းအား ယာဉ်ပိုင်ရှင် ကျော်စွာထွန်း၊ သယ် ဆောင်သူ ထွန်းထွန်း (ခ) မောင်မောင်နှင့် ရန်နောင်ထွေး (ခ) နောင်နောင်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းစိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသ ကြီး၊ ယင်းမှတစ်ဆင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့သို့ သယ်ဆောင်ပြီး ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဖော်ထုတ်သိရှိရ။
  • မေလ ၃၁ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ပင်အုံကျေးရွာအနီးတွင် လုံချိန်ကျေးရွာဘက်မှ မိုင်းပွန်မြို့ဘက်သို့ ကျော်စိန် မောင်းနှင်လာသည့် FORD RANGER မော်တော်ယာဉ်နှင့် ထွန်းမြင့် မောင်းနှင် လာသည့် TOYOTA HILUX SURF မော်တော်ယာဉ်တို့အား သတင်းရရှိသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းယာဉ် ၂ စီးပေါ်မှ ကာလဒေသတန်ဖိုးငွေကျပ် ၁.၆၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၆ သိန်းနှင့်အတူ ပူးပေါင်းပါဝင်သူ ဝင်းရွှေနှင့် အိုက်လောင်တို့အား ဖမ်းဆီးရမိခဲ့။
  • မေလ ၃၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ နတ်ကြီးကုန်းရွာ အနီးတွင် ဝင်းအောင်ထွန်း မောင်းနှင်ပြီး တင်မောင်လှလိုက်ပါလာသည့် Fuso ၆ ဘီးယာဉ်အား သတင်းရရှိ၍ စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူဆပ်ပြာခွက် ၅,၅၀၀ ခွက်(၅၅ ကီလိုဂရမ်) (ကာလဒေသတန်ဖိုးကျပ် ၂.၇၅ ဘီလီယံခန့်)နှင့် အတူ ဖမ်းဆီးရမိခဲ့။

ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၆-၂၀၂၄)

  • ရွှေတောင်မြို့နယ်တွင် ကာလဒေသတန်ဖိုးငွေကျပ် .၄၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၉. သိန်းသိမ်းဆည်းရမိခဲ့ပြီး ၎င်းဆေးများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ ယင်းမှတစ်ဆင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့သို့ သယ်ဆောင်ပြီး ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရ။
  • မိုင်းပွန်မြို့တွင် ကာလဒေသတန်ဖိုးငွေကျပ် .၆၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၅၆ သိန်းဖမ်းဆီးရမိခဲ့။
  • ကလေးမြို့တွင် ကာလဒေသတန်ဖိုးကျပ် .၇၅ ဘီလီယံခန့်တန်ဖိုးရှိ ဘိန်းဖြူဆပ်ပြာ ခွက် ,၅၀၀ ခွက် (၅၅ ကီလိုဂရမ်) ဖမ်းဆီးရမိခဲ့။

Add new comment