ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများသည် ကြိုတင်စီမံထားသည့်အတိုင်း ပုံမှန် အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး Terminal အသီးသီးသို့ ချယူဖြည့်တင်းလျက်ရှိ ပါသည်။ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ပေါင်းစပ်ညှိနှိုင်း၍ တစ်နိုင်ငံလုံးရှိ စက်မှုဇုန်စက်ရုံအလုပ်ရုံများအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ် ယူပို့ဆောင်ရေးစသည့် အခြားကဏ္ဍအသီးသီးသို့လည်း လိုအပ်ချက်နှင့်အညီ ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် ရောင်းဈေးနှုန်းကိုလည်း ထိန်းသိမ်းကြပ်မတ်လျက်ရှိ သဖြင့် အများပြည်သူအနေဖြင့် အလွယ်တကူ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင် ပါသည်။
အလားတူ စက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှုရှိ/ မရှိနှင့် ထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိကို ရှောင်တခင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုအပ်သည့်အရေးယူ ဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၅-၂၀၂၄)
- စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ပေါင်းစပ်ညှိနှိုင်း၍ တစ်နိုင်ငံလုံးရှိ စက်မှုဇုန်စက်ရုံအလုပ်ရုံများအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေးစသည့် ကဏ္ဍများသို့လည်း လိုအပ်ချက်နှင့်အညီ ပို့ဆောင်ဖြန့် ဖြူးပေးလျက်ရှိသည့်အပြင် ရောင်းဈေးနှုန်းကိုလည်း ထိန်းသိမ်းကြပ်မတ်လျက်ရှိ။
Add new comment