သက်တမ်းရင့်ရေနံမြေများတွင် အထွက်တိုးစေရန်အတွက် ပေနက်တွင်းများ အောင်မြင်စွာတူးဖော်နိုင်ရေး‌ ဆောင်ရွက်လျက်ရှိ

          သက်တမ်းရင့်ရေနံမြေများတွင် အထွက်တိုးစေရန်အတွက် ပေနက်တွင်းများ အောင်မြင်စွာတူးဖော်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၃၀ ရက်တွင် စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင် တက်ရောက်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲမှ ဆွေးနွေးချက်များအရ-

  • သက်တမ်းရင့်ရေနံမြေများတွင် ပေနက်တွင်းများတူးဖော်၍ ရေနံနှင့်သဘာဝ ဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရယူရခြင်းသည် အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်ကြောင်း။
  • ရေနံထုတ်လုပ်မှုသမိုင်းကြောင်းတွင် မြေအောက်၌ နက်ရှိုင်းစွာ တည်ရှိနေသည့် အလားအလာကောင်းသော ဟိုက်ဒရိုကာဗွန်ပါဝင်သည့် သဲကြောများသို့ ရောက် ရှိသည်အထိ အောင်မြင်စွာတူးဖော်နိုင်ခြင်းမရှိသည့်အတွက် ထုတ်လုပ်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း။
  • ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြီးမြောက်အောင် တူးဖော်မည့် တွင်းသစ် ၂ တွင်းသည် ရေနံထွက်ရှိရန် အတည်ပြုထားပြီးဖြစ်သည့် ပေနက်သဲကြောဖြစ်၍ ရည်မှန်းချက်အနက်ထိ ရောက်ရှိအောင်တူးဖော်ပြီး သမိုင်းမှတ်တိုင်သစ်စိုက်ထူရန် ဆောင်ရွက်လျက်ရှိကြောင်း။
  • အဆိုပါတွင်းသစ် ၂ တွင်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ် တိုင်တူးဖော်၍ MPRLE &  P Company မှ နည်းပညာနှင့် အတွေ့အကြုံများ မျှဝေ ကူညီပေးမည်ဖြစ်ကြောင်း သိရှိရ။

          အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ MPRL E & P Company မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၅-၂၀၂၄)

  • ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြီးမြောက်အောင် တူးဖော်မည့် တွင်းသစ် တွင်းသည် ရေနံထွက်ရှိရန် အတည်ပြုထားပြီးဖြစ်သည့် ပေနက်သဲကြောဖြစ်၍ ရည်မှန်းချက်အနက်ထိ ရောက်ရှိအောင်တူးဖော်ပြီး သမိုင်းမှတ်တိုင်သစ်စိုက်ထူရန် ဆောင်ရွက်လျက်ရှိ။

 

 

 

Add new comment