နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၃၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပြင်ဦးလွင်မြို့၊ အမျိုးသားအထိမ်း အမှတ်ဥယျာဉ်ရှိ အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ပြင်ဦးလွင်မြို့ သာယာလှပရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြား ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင်-

  • ပြင်ဦးလွင်မြို့ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ပန်းမြို့တော်၊ တောင်လှေကား မြို့တော်စသည်ဖြင့် တင်စားခေါ်ဝေါ်ကြသဖြင့် အဆိုပါအင်္ဂါရပ်များနှင့် ကိုက်ညီရန်လိုကြောင်း။
  • ယခင်ကပြင်ဦးလွင်မြို့သည် အေးမြသည့်မြို့တစ်ခုဖြစ်ခဲ့သော်လည်း ယခုအခါ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများကြောင့် ရာသီဥတုပြောင်းလဲလာပြီး အပူချိန်မြင့်တက်လာသည်ကိုတွေ့ရကြောင်း။
  • သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာခြင်းမှာ လူများ၏လုပ်ဆောင်မှုများကြောင့် လည်းပါဝင်ပြီး လူများကြောင့် ဖြစ်လာသည့်သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးဆုံးရှုံးရမှုများကို လူများကပင် ပြန်လည်ပြုပြင်ရမည်ဖြစ်ကြောင်း။
  • အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီးသွားသည့် သစ်ပင်သစ်တောများကိုလည်း ပြန်လည်စိုက်ပျိုးသွားရန်လိုပြီး ဒေသနှင့်ကိုက်ညီသည့် သစ်ပင်သစ်တောများ ပြန်လည်စိုက်ပျိုးထိန်းသိမ်းသွားမှသာလျင် ရာသီဥတုများကောင်းမွန်လာမည် ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာမည်ဖြစ်ကြောင်း။
  • လယ်ယာစိုက်ပျိုးမြေများနှင့်ပတ်သက်၍ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်ဆောင်ရွက်ခြင်းမရှိစေရေး တာဝန်ရှိသူများအနေဖြင့် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။
  • မိမိတို့နိုင်ငံမှထွက်ရှိသည့် ကော်ဖီသည် အရည်အသွေးကောင်းမွန်သည့် ကော်ဖီများဖြစ်သဖြင့် နိုင်ငံ၏ထုတ်ကုန်တစ်ခုအဖြစ် စီးပွားဖြစ်ထုတ်လုပ် သွားနိုင်ရန်လိုပြီး အရည်အသွေးကောင်းမွန်သည့် ကော်ဖီကုန်ကြမ်းများ အရေအတွက်များများ ထွက်ရှိစေရေး စိုက်ဧကအလိုက် အပြည့်အဝစိုက်ပျိုး၍ ထုတ်လုပ်မှုများတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း။
  • ကော်ဖီထွက်ကုန်များကို ကုန်ကြမ်းအဖြစ်ရောင်းချခြင်းထက် ကုန်ချောအဖြစ် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါကစီးပွားရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း။
  • ပြင်ဦးလွင်မြို့သည် လေကောင်းလေသန့်ရရှိပြီး နှစ်လိုဖွယ်ရာသီဥတုရှိပြီးဖြစ် သည့်အတွက် ခရီးသွားမြို့တော်၊ အပန်းဖြေမြို့တော်အပြင် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့် ကျန်းမာရေးမြို့တော်အသွင်အဖြစ်လည်း အကောင် အထည် ဖော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • ပညာရေးနှင့်ပတ်သက်၍ အစဉ်အလာကောင်းရှိသည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီဥတုသာယာ၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးကို အထောက်အကူ ဖြစ်စေ၍ ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • မြို့တွင်းရေစီးရေလာများ ကောင်းမွန်စေရေးအတွက်လည်း အမှိုက်များ ကင်းစင်အောင် ဆောင်ရွက်သကဲ့သို့ မြို့သာယာလှပရေးအတွက် မည်ကဲ့သို့ ကောင်းမွန်အောင် ဆောင်ရွက်မည်ကို Engineering Philosophy အရ ကြိုတင်စဉ်းစားတွေးခေါ်ဆောင်ရွက်ရန်လိုကြောင်း။
  • သစ်ပင်များစိုက်ပျိုးရာတွင် ပြင်ဦးလွင်မြို့၏ မူလပန်းမျိုးများကို ပြန်လည် ထိန်းသိမ်းစိုက်ပျိုးသွားရန်လိုပြီး ပန်းမြို့တော်ဟူသောအမည်နှင့် ကိုက်ညီ အောင် ဆောင်ရွက်သွားရန်လိုကြောင်း။
  • ပြင်ဦးလွင်မြို့တွင် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အခြေခံကောင်းများ ရှိပြီးဖြစ်သဖြင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုများ တိုးတက်စေရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့။

ထို့နောက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပြင်ဦးလွင်မြို့ကို ကျန်းမာရေးမြို့တော်ဖြစ်စေရန်ရည်ရွယ်၍ ပုဂ္ဂလိကဆေးရုံများ တည်ဆောက်ရန် လျာထားသည့်မြေနေရာများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ပြင်ဦးလွင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြရာ ဧပြီလ ၁၄ ရက် ညပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူများ၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အရိုးအကြောကုသဆောင် ပြင်ဆင်ထား ရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါကုသဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဆေးရုံ အတွင်းလှည့်လည်၍ လူနာဆောင်များနှင့် လူနာခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းသပ်ယပ်မှုရှိစေရေးနှင့် စက်ပစ္စည်း ကိရိယာများကို ကောင်းမွန်မှုရှိစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် အခြားလို အပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၅-၂၀၂၄)

  • လယ်ယာစိုက်ပျိုးမြေများနှင့်ပတ်သက်၍ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်ဆောင်ရွက်ခြင်းမရှိစေရေး တာဝန်ရှိသူများအနေဖြင့် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်သွားရန်လို။
  • ကော်ဖီထွက်ကုန်များကို ကုန်ကြမ်းအဖြစ်ရောင်းချခြင်းထက် ကုန်ချောအဖြစ် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါကစီးပွားရေးအတွက် များစွာအထောက် အကူပြုမည်ဖြစ်။
  • ပြင်ဦးလွင်မြို့သည် လေကောင်းလေသန့်ရရှိပြီး နှစ်လိုဖွယ်ရာသီဥတုရှိပြီးဖြစ် သည့်အတွက် ခရီးသွားမြို့တော်၊ အပန်းဖြေမြို့တော်အပြင် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့် ကျန်းမာရေးမြို့တော်အသွင်အဖြစ်လည်း အကောင် အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်။
  • မြို့တွင်းရေစီးရေလာများ ကောင်းမွန်စေရေးအတွက်လည်း အမှိုက်များ ကင်းစင် အောင် ဆောင်ရွက်သကဲ့သို့ မြို့သာယာလှပရေးအတွက် မည်ကဲ့သို့ကောင်းမွန် အောင် ဆောင်ရွက်မည်ကို Engineering Philosophy အရ ကြိုတင်စဉ်းစား တွေးခေါ်ဆောင်ရွက်ရန်လို။
  • သစ်ပင်များစိုက်ပျိုးရာတွင် ပြင်ဦးလွင်မြို့၏ မူလပန်းမျိုးများကို ပြန်လည် ထိန်းသိမ်းစိုက်ပျိုးသွားရန်လိုပြီး ပန်းမြို့တော်ဟူသောအမည်နှင့် ကိုက်ညီအောင် ဆောင်ရွက်သွားရန်လို။
  • ပြင်ဦးလွင်မြို့တွင် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အခြေခံကောင်းများရှိပြီး ဖြစ်သဖြင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုများ တိုးတက်စေရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်ကြစေလို။
  • ဧပြီလ ၁၄ ရက် ညပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူများ၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အရိုးအကြောကုသဆောင် ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့။

Add new comment