နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၂၉ ရက်တွင် တပ်မတော်နည်းပညာ တက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီး များ၊ သန္ဓေအရာရှိများနှင့် ဗိုလ်လောင်းများအား တပ်မတော်နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ တပ်မတော်နည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများနှင့် ဗိုလ်လောင်းများ တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင်-
- တပ်မတော်သည် စည်ကမ်းနှင့်အညီဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထုတ်ပြန်ထားသည့်အမိန့်များ၊ ညွှန်ကြားချက်များနှင့်အညီ တာဝန်ထမ်းဆောင် ကြခြင်းဖြစ်ကြောင်း။
- အင်ဂျင်နီယာကောင်းတစ်ယောက်သည် အင်ဂျင်နီယာပညာဒဿန (Engineering Philosophy) ရှိရန်လိုပြီး Engineering Philosophy သည် အင်ဂျင်နီယာ နည်းပညာဖြင့်သော်လည်းကောင်း၊ အင်ဂျင်နီယာများမှသော်လည်းကောင်း လူ့အဖွဲ့အစည်းတစ်ရပ်အတွက် ၎င်းတို့၏ပညာရပ်များကို မည်ကဲ့သို့အကျိုးရှိရှိ အသုံးပြုရမည်ဟူသည့် စည်းမျဉ်းကိုရည်မှန်း၍ ရေးဆွဲသတ်မှတ်ထားသည့် အယူအဆတစ်ရပ်ပင်ဖြစ်ကြောင်း။
- တစ်နည်းအားဖြင့် မိမိဆောင်ရွက်ရမည့်လုပ်ငန်းများကို အင်ဂျင်နီယာရှုထောင့်မှ မည်ကဲ့သို့ ကောင်းမွန်အောင်ဆောင်ရွက်မည်ကို စဉ်းစားတွေးခေါ်ဆောင်ရွက်ရန် လိုပြီး Engineering Philosophy ရှိရန်အတွက် ပညာရပ်နှင့် သက်ဆိုင်သည် များကို အမြဲမပြတ်လေ့လာရန်လိုကြောင်း။
- အင်ဂျင်နီယာပညာရပ်တွင် ပညာရပ်မျိုးစုံရှိသော်လည်း အခြေခံအားဖြင့် တူညီမှု များရှိကြောင်း၊ နည်းပညာနှင့်ပတ်သက်၍ တာဝန်ထမ်းဆောင်နေသူ တစ်ဦး အနေဖြင့် အခြေခံမှစ၍ ဘာသာရပ်များအလိုက် ကျွမ်းကျင်တတ်မြောက်နေရန် လိုကြောင်း။
- တပ်မတော်မှဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် သင်တန်းကျောင်းများ၊ တက္ကသိုလ် များအားလုံးတွင် နည်းပြနှင့် သင်တန်းသားအချိုးကို တွက်ချက်၍ သင်ကြား ပေးလျက်ရှိပြီး တပ်မတော်နည်းပညာတက္ကသိုလ်တွင်လည်း အဓိကကျသည့် ဘာသာရပ်များကို ထိထိရောက်ရောက်သင်ကြားနိုင်ရန်အတွက် နည်းပြနှင့် သင်တန်းသားအချိုးကို စနစ်တကျ ခွဲဝေပေးထားပြီးဖြစ်သဖြင့် ထူးချွန်ပြီး လက်တွေ့လုပ်ငန်းခွင်တွင် အသုံးဝင်သည့် အရာရှိကောင်းများဖြစ်လာစေရေး ကြိုးစားအားထုတ်ကြရန်လိုကြောင်း။
- သင်တန်းသားများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ တပ်မတော်အတွင်းသို့ မိမိသို့သဘောဆန္ဒအလျောက် ဝင်ရောက်လာကြသူများ ဖြစ်သည်နှင့်အညီ မိမိကိုယ်ကိုအားကိုးသည့်စိတ်ဖြင့် နေထိုင်ကျင့်ကြံဆောင်ရွက် ကြရန်လိုပြီး မိမိကိုယ်ကို ရပ်တည်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ် ကြောင်း။
- သင်တန်းသားဘဝတွင် စတင်ခဲ့သည့် အခြေခံစိတ်ဓာတ်သည် အရေးကြီးသကဲ့သို့ အရာရှိကောင်းများဖြစ်လာစေရေးအတွက် မိမိကိုယ်ကို ယုံကြည်အားကိုးသည့် စိတ်ဓာတ်၊ ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်သည့်ဘဝကို ပိုင်ဆိုင်လိုသည့် စိတ်ဓာတ်များရှိရမည်ဖြစ်ပြီး ယင်းအခြေခံစိတ်ဓာတ်များကို ယခုသင်တန်းသား ဗိုလ်လောင်းဘဝကတည်းက မွေးမြူသွားရန်လိုကြောင်း။
- လေ့လာမှုနှင့်ပတ်သက်၍ စာပေပညာရပ်များသင်ယူခြင်းများ ဆောင်ရွက်လျက် ရှိသကဲ့သို့ ပြင်ပဗဟုသုတအသိပညာများကို မြှင့်တင်နိုင်သည့် စာအုပ်စာပေများ ကိုလည်း လေ့လာဖတ်ရှုနေရန်လိုကြောင်း။
- နည်းပြများနှင့်ပတ်သက်၍ မိမိတို့ဖြန့်ဝေသင်ကြားပေးရမည့် ပညာရပ်များအား သင်တန်းသားများမှ အမှန်တကယ်တတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေး ရန်လိုကြောင်း။
- စာပေပညာနှင့်အတွေ့အကြုံမှရသည့် ပညာရပ်များကို ပေါင်းစပ်သင်ကြားပေး မည်ဆိုပါက မိမိသင်ကြားမွေးထုတ်ပေးလိုက်သည့် သင်တန်းသားများသည် ပိုမို ထူးချွန်လာမည်ဖြစ်ကြောင်း။
- နည်းပြများအနေဖြင့် သင်ကြားမှုများဆောင်ရွက်ရာတွင် စာအုပ်အတိုင်း သင်ကြား ပေးသည်ထက် သင်တန်းသားများကို အမှန်တကယ်တတ်စေ၊ သိစေချင်သည့် စေတနာဖြင့် သင်ကြားပေးမည်ဆိုပါက မိမိတို့သင်ကြားပေးလိုက်သည့် သင်တန်း သားများအနေဖြင့် ပိုမိုတတ်ကျွမ်းလာမည်ဖြစ်ပြီး ဘဝတစ်လျှောက်လုံး အမှတ် ရနေမည်ဖြစ်ကြောင်း။
- မိမိတာဝန်ကျသည့်တပ်ရင်း၊ တပ်ဖွဲ့များအလိုက် စိတ်ဓာတ်စည်းကမ်းကောင်းမွန် စွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် သင်တန်းသားများ၏ စိတ်ဓာတ်များ ကောင်းမွန်စေရေး နည်းပြများအနေဖြင့် လေ့ကျင့်သား ပြည့်ဝအောင်ဆောင်ရွက် ပေးရန်လိုကြောင်း။
- တပ်မတော်တွင် ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့်နာခံ တတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့ ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်ခဲ့မှ သာလျင် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိချိန်၌လည်း ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မည်ဖြစ်ကြောင်း မှာကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ မဟာရွှေမြင်တင်စေတီတော်ကြီးသို့သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြပြီး မြတ်စွာဘုရားရှင်၏ ပါဒခြေတော်ရာဆောင်ရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညို၍ ပါဒခြေတော်ရာအား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၅-၂၀၂၄)
- အင်ဂျင်နီယာကောင်းတစ်ယောက်သည် အင်ဂျင်နီယာပညာဒဿန (Engineering Philosophy) ရှိရန်လိုပြီး Engineering Philosophy သည် အင်ဂျင်နီယာ နည်းပညာဖြင့်သော်လည်းကောင်း၊ အင်ဂျင်နီယာများမှသော်လည်းကောင်း လူ့အဖွဲ့ အစည်းတစ်ရပ်အတွက် ၎င်းတို့၏ပညာရပ်များကို မည်ကဲ့သို့အကျိုးရှိရှိ အသုံးပြု ရမည်ဟူသည့် စည်းမျဉ်းကိုရည်မှန်း၍ ရေးဆွဲသတ်မှတ်ထားသည့် အယူအဆ တစ်ရပ်ပင်ဖြစ်။
- သင်တန်းသားများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှ မပါရှိဘဲ တပ်မတော်အတွင်းသို့ မိမိသို့သဘောဆန္ဒအလျောက် ဝင်ရောက်လာ ကြသူများဖြစ်သည်နှင့်အညီ မိမိကိုယ်ကိုအားကိုးသည့်စိတ်ဖြင့် နေထိုင်ကျင့်ကြံ ဆောင်ရွက်ကြရန်လိုပြီး မိမိကိုယ်ကို ရပ်တည်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက် ရမည်ဖြစ်။
- စာပေပညာနှင့်အတွေ့အကြုံမှရသည့် ပညာရပ်များကို ပေါင်းစပ်သင်ကြားပေး မည်ဆိုပါက မိမိသင်ကြားမွေးထုတ်ပေးလိုက်သည့် သင်တန်းသားများသည် ပိုမို ထူးချွန်လာမည်ဖြစ်။
- နည်းပြများအနေဖြင့် သင်ကြားမှုများဆောင်ရွက်ရာတွင် စာအုပ်အတိုင်း သင်ကြား ပေးသည်ထက် သင်တန်းသားများကို အမှန်တကယ်တတ်စေ၊ သိစေချင်သည့် စေတနာဖြင့် သင်ကြားပေးမည်ဆိုပါက မိမိတို့သင်ကြားပေးလိုက်သည့် သင်တန်း သားများအနေဖြင့် ပိုမိုတတ်ကျွမ်းလာမည်ဖြစ်ပြီး ဘဝတစ်လျှောက်လုံး အမှတ် ရနေမည်ဖြစ်။
- တပ်မတော်တွင် ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့်နာခံ တတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့ ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်ခဲ့မှ သာလျင် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိချိန်၌လည်း ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မည်ဖြစ်။
Add new comment