ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ မန္တလေးမြို့ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများနှင့် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် စစ်သည်များ၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသည့် မန္တလေးမြို့ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓ ဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ၊ သက်တော် ၉၆ နှစ်၊ ဝါတော် ၇၆ ဝါရှိ သက်တော်ရှည် ဆရာတော်ကြီးအား ကျန်းမာရေး စောင့်ရှောက်မှုပေးထားသည့် အခြေအနေများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား မေလ ၂၉ ရက်တွင် သွား ရောက်ကြည့်ရှုအားပေးစကားပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည်-

  • ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ တာဝန်ရှိသူများကို လိုအပ်သည့် ကျန်းမာ ရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးထားသည့် အခြေအနေများကို ကြည့်ရှုမေးမြန်း ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကိုယ်ခံစွမ်းအားရှိစေရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် လုပ်ဆောင်နိုင်သည့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့် ခန်းများ လုပ်ဆောင်နိုင်ရေးတို့အတွက် ဆောင်ရွက်ပေးရန်၊ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေ သက်သာလာပြီး ကျောင်းတိုက်၌ ပြန်လည်သီတင်းသုံး ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အ ထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်တို့ကို အလေး ထားမှာကြားခဲ့ပြီး ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက် ကပ်လှူဒါန်းခဲ့။
  • ထို့နောက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက် ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ စစ်ဌာနေတပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသ ပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေး စွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လို အပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် သားဖွားမီးယပ်နှင့် ကလေးကုသဆောင် ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် တပ်မတော်သားမိသားစုဝင်များကို တစ်ဦး ချင်းရင်းနှီးနွေးထွေးစွာ လိုက်လံအားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့။
  • ဆေးရုံအတွင်း ဆေးကုသမှုဆိုင်ရာ စက်ပစ္စည်းကိရိယာများ တပ်ဆင်အသုံးပြု လျက်ရှိသည့် အခြေအနေများနှင့် လူနာကုသဆောင်များ ပြင်ဆင်ထားရှိမှုအခြေ အနေများကို လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လို အပ်သည်များ လမ်းညွှန်မှာကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ သင်တန်းကျောင်း များ၊ တက္ကသိုလ်များအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း

သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၅-၂၀၂၄)

  • ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ကျောင်းတိုက်၌ ပြန်လည်သီတင်း သုံးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အ ထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်တို့ကို အလေး ထားမှာကြားခဲ့။
  • နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေးအခြေအနေများအား သွားရောက် ကြည့်ရှုအားပေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။

 

 

Add new comment