ဒုတိယဝန်ကြီး ဦးလွင်ဦး သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ လွှတ်တော်အမတ်များအား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံမှ လွှတ်တော်အမတ်များဖြစ်သည့် မစ္စတာဆူဂျစ် ဆန်ဂျာရာပီရဲရား၊ မစ္စတာဂျေစီအလာ ဝါသူဝါလာနှင့် မစ္စတာဝါဆန်သာ ယာပါဘန်ဒါရာ တို့ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို မေလ ၂၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ မြန်မာနိုင်ငံရောက် သီရိလင်္ကာနိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာ အကူအညီပေး နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၅-၂၀၂၄)

  •  ဒုတိယဝန်ကြီး ဦးလွင်ဦး သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ လွှတ်တော်အမတ်များအား လက်ခံတွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့်ကဏ္ဍများ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment