နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း/ အသစ်လျှောက်ထားခြင်း၊ C of I လျှောက်ထားခြင်း ကိစ္စများနှင့် ပတ်သက်၍ လိမ်လည်သူများအား မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက အရေးယူမည်ဟုဆို

ကွာလာလမ်ပူမြို့ မြန်မာသံရုံးသည် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံ ကူးလက်မှတ်ကိစ္စရပ်များ၊ C of I ထုတ်ပေးသည့်ကိစ္စနှင့် ထောက်ခံစာများ ထုတ်ပေးသည့် ကိစ္စတို့ကို ညွှန်ကြားချက်များနှင့်အညီ www.mekl.org တွင် ရက်ချိန်းရယူထားပြီး သူများအား နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း/အသစ်လျှောက်ထားခြင်း၊ C of I လျှောက် ထားခြင်းကိစ္စများနှင့်ပတ်သက်၍ Facebook နှင့် Tik Tok များ အသုံးပြုကာ လိမ်လည်သူများရှိနေကြောင်း၊ ၎င်းတို့သည် မြန်မာသံရုံးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိ ကြောင်းနှင့် အဆိုပါလိမ်လည်သူများအား မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ပါသည်။

  မြန်မာသံရုံးမှ ကောင်စစ်ဝန်ဆောင်မှု ကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပေး စာများ၊ နိုင်ငံကူးလက်မှတ်အသစ်လျှောက် ခွင့်ပြုချက်ကျသူများစာရင်းနှင့် C of I ကိစ္စ ရပ်များကို မြန်မာနိုင်ငံသားများ သိရှိစေရန် သံရုံး၏ Facebook Page “Myanmar Embassy in Kuala Lumpur, Malaysia” နှင့် Website: https://myanmarembassykl.org  များတွင် ဖော်ပြပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၅-၂၀၂၄)

  • မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း/ အသစ် လျှောက်ထားခြင်း၊ C of I လျှောက်ထားခြင်း ကိစ္စများနှင့်ပတ်သက်၍ လိမ်လည် သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ။

 

Add new comment