MNDAA နှင့် TNLA အဖွဲ့များသည် ဒေသခံတိုင်းရင်းသားလူငယ်များကို အတင်း အဓမ္မဖမ်းဆီး၍ စစ်သင်တန်းများတက်ရောက်စေပြီး စစ်မှုတာဝန်များ ထမ်းဆောင်စေ ခြင်းကြောင့် အဆိုပါသောင်းကျန်းသူအဖွဲ့များတွင် တာဝန်မထမ်းဆောင်လိုသော တိုင်းရင်းသားလူငယ်များက ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး နီးစပ်ရာတပ်မတော် လုံခြုံရေးတပ်စခန်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများထံသို့ ပြန်လည်ဝင်ရောက်လျက် ရှိပါသည်။
ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ် ၄ ဦးအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို မေလ ၂၈ ရက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး အုပ်ထိန်းသူမိဘများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၅-၂၀၂၄)
- ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ် ၄ ဦးအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး အုပ်ထိန်းသူမိဘများထံ လွှဲပြောင်းပေးအပ်ခဲ့။
Add new comment