တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Mizzima - News in Burmese မှ တင်ထားသော မြိတ် မြို့နယ်ရှိ လသာရွာနှင့် တနင်္သာရီမြို့နယ်ရှိ ရမ်းဖိုကျေးရွာတို့တွင် အမျိုးသမီး တစ်ဦးအပါအဝင် ဒေသခံ ခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရိုက်နှက်ဖမ်း ဆီးသွားခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ လသာကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် PDF အကြမ်းဖက်သမားများက တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Shwe Phee Myay News Agency မှ တင်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာအတွင်း ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ လုံခြုံရေးပူးပေါင်း အဖွဲ့ဝင်များကို PDF အကြမ်းဖက်သမားများက အဆိုပါကျေးရွာတွင်းမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ် ပွားခဲ့ပြီး အကြမ်းဖက်သမားများက ဆုတ်ခွာထွက်ပြေးသွားခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးဆောင်ရွက်မှုများသာ လုပ်ဆောင် လျက်ရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Mizzima-News in Burmese မှ တင်ထားသော လုံခြုံရေး တပ်ဖွဲ့ဝင်များက ပုလဲမြို့၊ ရွာသစ်ကျေးရွာမှ ဒေသခံပြည်သူ ၂၂ ဦးအား PDF အယောင်ဆောင်၍ ဖမ်းဆီးခေါ်ဆောင်သွားဟူသည့်သတင်းနှင့်ပတ်သက်၍ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန်များ ဆောင်ရွက်ပေးနေမှုအပေါ် ဒေသခံများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံသတင်းအမှားများဖြင့် ဖြန့်ဝေလျက်ရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ DVB TV News မှ တင်ထားသော မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကုန်းခြားကျေးရွာရှိ နေအိမ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ ပုသိမ်-မုံရွာသွားကားလမ်းနှင့် ကုန်းခြားကျေးရွာသွားလမ်းဆုံရာ လမ်းဆုံအနီးတွင် PDF အကြမ်းဖက်သမားများက ခရီးသွားပြည်သူများအား ဖမ်းဆီးခြင်း၊ ငွေတောင်း ခံခြင်းများ လုပ်ဆောင်နေကြောင်း သတင်းရရှိသဖြင့် နယ်မြေလုံခြုံရေးသွား ရောက်ဆောင်ရွက်စဉ် PDF အကြမ်းဖက်သမားများ ထွက်ပြေးသွားခဲ့ပြီး ဒေသခံ ပြည်သူများထံမှ လုယက်ယူဆောင်ထားသည့် ရိက္ခာများ၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ကားလမ်းအနီးဝန်းကျင်ရှိ ကျေးရွာများ၌ မီးလောင် ကျွမ်းမှုမရှိခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ RFA Burmese မှ တင်ထားသော မတ္တရာမြို့နယ်၊ တမာကုန်း ကျေးရွာမှ ဒေသခံရွာသား ၁၀ ဦးကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်သွားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအနီးတစ်ဝိုက် နယ်မြေလုံခြုံရေးဆောင် ရွက်ခဲ့ခြင်းသာရှိပြီး ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ လုံးဝမရှိ ခဲ့ကြောင်း သိရှိရ။
နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ် သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ်ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုး မျိုးသော မဟုတ်မမှန်ကောလာဟလသတင်းအမှားများကို အွန်လိုင်းပေါ်မှ ဝါဒဖြန့်လှုံ့ ဆော်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၅-၂၀၂၄)
- မြိတ်မြို့နယ်ရှိ လသာရွာနှင့် တနင်္သာရီမြို့နယ်ရှိ ရမ်းဖိုကျေးရွာတို့တွင် အမျိုးသမီး တစ်ဦးအပါအဝင် ဒေသခံခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရိုက်နှက်ဖမ်းဆီး သွားခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူတစ်ဦးတစ်ယောက်မျှ ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိကြောင်း သိရှိရ။
- လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာအတွင်း ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်၊ သတင်းအမှန်မှာ PDF အကြမ်းဖက် သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက် သမားများက ဆုတ်ခွာထွက်ပြေးသွားသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးဆောင်ရွက်မှုများသာ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရ။
- လုံခြုံရေးတပ်ဖွဲ့ဝင်များက ပုလဲမြို့၊ ရွာသစ်ကျေးရွာမှ ဒေသခံပြည်သူ ၂၂ ဦးအား PDF အယောင်ဆောင်၍ ဖမ်းဆီးခေါ်ဆောင်သွားဟူသည့်သတင်းနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန်များ ဆောင်ရွက်ပေးနေမှုအပေါ် ဒေသခံများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံသတင်းအမှားများဖြင့် ဖြန့်ဝေလျက်ရှိ။
- စလင်းမြို့နယ်၊ ကုန်းခြားကျေးရွာရှိ နေအိမ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
- မတ္တရာမြို့နယ်၊ တမာကုန်းကျေးရွာမှ ဒေသခံရွာသား ၁၀ ဦးကျော်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားဟူသည့်သတင်းသည် လုပ်ကြံသတင်း အမှားဖြစ်ပြီး သတင်းအမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအနီး တစ်ဝိုက် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ခြင်းသာရှိကြောင်း သိရှိရ။
Add new comment