ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနား မြို့နယ် စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေမတည်ငြိမ်မှု ဖြစ်စဉ်များကြောင့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်ရှိ ဘာသာရေးကျောင်းဝင်းများ၊ မိဘမဲ့ ဂေဟာနှင့် IDP စခန်းများတွင် ထပ်မံလာရောက် ယာယီတိမ်းရှောင်နေထိုင်လျက် ရှိသည့် အိမ်ထောင်စု ၃၄၁ စု၊ လူဦးရေ ၁,၅၁၃ ဦးတို့အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ဆန် ၂၄ ပြည်ပါ ဆန်အိတ် ပေါင်း ၃၄၁ အိတ်နှင့် ပြည်နယ်အစိုးရက ခေါက်ဆွဲခြောက်ဖာ ၃၄၁ ဖာတို့ကို ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
ထို့နောက် အိမ်ထောင်စုများက ယာယီခိုလှုံနေထိုင်ရာ နေရာများတွင် ယာယီ အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ပေးရေး၊ အဆောင်ဟောင်းများ ပြုပြင်ပေးနိုင်ရေး၊ သားသမီးငယ်များ ကျောင်းအပ်နှံနိုင်ရေး၊ ကျန်းမာရေးနှင့် သောက်သုံးရေလိုအပ်ချက် များကို တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၅-၂၀၂၄)
- ဝိုင်းမော်မြို့နယ်အတွင်းမှ ထပ်မံတိမ်းရှောင်လာသော ပြည်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဆန် ၂၄ ပြည်ပါ ဆန်အိတ် ပေါင်း ၃၄၁ အိတ်နှင့် ပြည်နယ်အစိုးရက ခေါက်ဆွဲခြောက်ဖာ ၃၄၁ ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့။
Add new comment