နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အကြမ်းဖက်သမားအပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများ အတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ် ခေါ်လျက်ရှိရာ-
- မေလ ၂၇ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ သုံးခွမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးနှင့် ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်မှ အမျိုးသား ၁ ဦး၊ စုစုပေါင်း ၈ ဦးတို့အား တာဝန်ရှိသူများက ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာ သူများအား ပြန်လည်လက်ခံကြိုဆို၍ လက်နက်/ခဲယမ်းများပါရှိပါက ဆုကြေးငွေများ ပေးအပ်လျက်ရှိကြောင်းနှင့် မေလ ၂၇ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၅၈၄ ဦးနှင့် အမျိုးသမီး ၁၅၉ ဦး၊ စုစုပေါင်း ၇၄၃ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၅-၂၀၂၄)
- ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတ မြို့နယ်၊ သုံးခွမြို့နယ်နှင့် မြဝတီ မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၈ ဦးတို့အား တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး ထောက်ပံ့ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။
- မေလ ၂၇ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၅၈၄ ဦးနှင့် အမျိုးသမီး ၁၅၉ ဦး၊ စုစုပေါင်း ၇၄၃ ဦးရှိပြီဖြစ်။
Add new comment