မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နိုင်ငံခြားငွေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် မြန်မာလုပ်သားများ၏ လွှဲပို့ငွေများ တရားဝင် လမ်းကြောင်းမှ လွှဲပြောင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သောအဖွဲ့နှင့် Siam Commercial Bank၊ Bangkok Bank ၊ Kasikorn Bank၊ Krung Thai Bank တို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၇ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက-
- ရင်းနှီးမြှုပ်နှံမှုပိုင်းတွင် မြန်မာနိုင်ငံ၌ ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင် ရွက်နိုင်ရေး ကိစ္စရပ်များ။
- ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင် ဟွန်ဒီဆောင်ရွက်နေမှုများအပေါ် ထိုင်းဘဏ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ။
- ကုန်သွယ်ရေးပိုင်းတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေရေးအတွက် ငွေကြေးထောက်ပံ့ခြင်း (Pre-shipment Export Financing/ Post- shipment Export Financing) များ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများ။
- ထိုင်းနိုင်ငံရှိ ပြည်ပရောက် မြန်မာလုပ်သားများ၏ လုပ်ခလစာ လွှဲပို့ငွေများကို ပြည်တွင်း၌ မိသားစုများထံသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိစေနိုင်ရေး ဘဏ်များက ဝိုင်းဝန်းဆောင်ရွက်ပေးရန် ကိစ္စရပ်များ။
- နှစ်နိုင်ငံနိုင်ငံခြားငွေ လွှဲပြောင်းပေးချေမှုများကို အဆင်ပြေချောမွေ့စေရေး ပံ့ပိုး ပေးနိုင်ရန် ကိစ္စရပ်များနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ Siam Commercial Bank၊ Bangkok Bank ၊ Kasikorn Bank၊ Krung Thai Bank တို့မှ အမှုဆောင်အရာရှိချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၅-၂၀၂၄)
- ဆွေးနွေးပွဲတွင် ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင် ဟွန်ဒီဆောင်ရွက်နေ မှုများအပေါ် ထိုင်းဘဏ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ။
- ထိုင်းနိုင်ငံရှိ ပြည်ပရောက် မြန်မာလုပ်သားများ၏ လုပ်ခလစာ လွှဲပို့ငွေများကို ပြည်တွင်း၌ မိသားစုများထံသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိစေနိုင်ရေး ဘဏ်များက ဝိုင်းဝန်းဆောင်ရွက်ပေးရန် ကိစ္စရပ်များနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့။
Add new comment