မောတောင်နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ထိုင်းနိုင်ငံဘက်ရှိ ဆင်းခွန်ဂိတ်ကို အမြဲတမ်းဂိတ်အဖြစ် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံတောင်ပိုင်း မောတောင်နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ထိုင်းနိုင်ငံဘက်ရှိ ဆင်းခွန်နယ်စပ်ဂိတ်ကို အမြဲတမ်းဂိတ်တစ်ခုအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ထိုင်းတာဝန်ရှိသူများက စီစဉ်လျက်ရှိပါသည်။

ထိုင်းနိုင်ငံရှိ ဆင်းခွန်နယ်စပ်ဂိတ်ကို အမြဲတမ်းဂိတ်အဖြစ် တိုးမြှင့်ရန် မေလ ၁၄ ရက်တွင် ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ ဦးဆောင်၍ ဆင်းခွန် ဂိတ်သို့ လာရောက်ကြည့်ရှုခဲ့ရာ ထိုင်းနိုင်ငံအနေဖြင့် ဆင်းခွန်ဂိတ်ကို အမြဲတမ်းဂိတ်အဖြစ် မကြာမီ တိုးမြှင့်ဖွင့်လှစ်သွားရန်နှင့်  မြန်မာနှင့်ကုန်သွယ်မှုလုပ်ငန်းများအား နိုင်ငံတကာ အဆင့် ကုန်သွယ်မှုပြုလုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိသည်အထိ တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံရှိ ဆင်းခွန်ဂိတ်၏ ဖြစ်ပေါ်တိုးတက်မှု၊ အနာဂတ်အတွက် အလားအလာ များနှင့်  အထူးယာယီဂိတ်မှ အမြဲတမ်းဂိတ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပါက ရရှိလာမည့် အကျိုးများ၊ အခက်အခဲများကို မြန်မာနိုင်ငံနှင့်ထပ်မံဆွေးနွေးမှုများ ပြုလုပ် သွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၅-၂၀၂၄)

  • မောတောင်နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ထိုင်းနိုင်ငံဘက်ရှိ ဆင်းခွန် နယ်စပ်ဂိတ်ကို အမြဲတမ်းဂိတ်တစ်ခုအဖြစ်ဖွင့်လှစ်နိုင်ရန်နှင့် မြန်မာနှင့်ကုန်သွယ်မှု လုပ်ငန်းများအား နိုင်ငံတကာအဆင့် ကုန်သွယ်မှုပြုလုပ်နိုင်သည်အထိ တိုးမြှင့် လုပ်ဆောင်သွားရန်  စီစဉ်ဆောင်ရွက်လျက်ရှိ။

Add new comment