နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိ သူများလိုက်ပါ၍ မေလ ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ချောက်မြို့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာ များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ပါသည်။
ဦးစွာ ချောက်ခရိုင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ဒေသဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေ များ၊ နွေရာသီကာလတွင် အပူရှောင်နိုင်ရေးအတွက် အပူရှောင်စခန်းများ ဆောင်ရွက် ထားရှိမှုနှင့် ထပ်မံတည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေ များ၊ အပူဒဏ်ကိုပြင်းထန်စွာခံစားရသည့်ဒေသဖြစ်သဖြင့် သစ်ပင်သစ်တောစိုက်ပျိုးခြင်း များကို အောင်မြင်စွာဆောင်ရွက်ပေးစေလိုမှု၊ သောက်သုံးရေအခက်အခဲရှိမှု၊ မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာသည့်အတွက် ကုန်တင်ကားကြီးရပ်နားဝင်းကို အမြန်ဆုံးဖော်ဆောင်ပေးစေလိုမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များနှင့် အခြားလိုအပ်သည်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- နိုင်ငံတော်အစိုးရအနေဖြင့် ၁၃ ခရိုင်စိမ်းလန်းစိုပြေရေး စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ ချောက်မြို့နယ်နှင့်ကားလမ်းဘေးဝဲယာများတစ်လျှောက် သစ်ပင်သစ်တော များ စိုက်ပျိုးနိုင်ရေး နိုင်ငံတော်မှလည်း အထူးအစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။
- ဒေသခံများအနေဖြင့် မိမိတို့၏အိမ်ခြံဝန်းအတွင်းနှင့် ပတ်ဝန်းကျင်များတွင် လည်း သစ်ပင်များစိုက်ပျိုးရန်လိုကြောင်း၊ ဧရာဝတီမြစ်ရေတင် စီမံကိန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်၍ ရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင် မည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများ က အသီးသီးဆက်လက်ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင်
- ချောက်ဒေသအတွင်း၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသထုတ်ကုန် ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် အဓိကလိုအပ်ကြောင်းနှင့် မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးပင်ဖြစ်ကြောင်း။
- စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေကိုကောင်းမွန်စွာပြုပြင်ရေး၊ အောင်ရေကောင်းမွန်စွာရရှိရေးနှင့် စိုက်နည်း စနစ်များ မှန်ကန်ရန်လိုအပ်မည်ဖြစ်ကြောင်း။
- စိုက်ပျိုးရေးလုပ်ငန်းအတွက်လိုအပ်သည့် ဓာတ်မြေဩဇာများကို နိုင်ငံအတွင်း ထုတ်လုပ်လျက်ရှိသကဲ့သို့ ပြည်ပမှလည်း တင်သွင်းပေးလျက်ရှိကြောင်း။
- မြေဆွေး၊ မြေဩဇာများနှင့် မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်း များကိုလည်း သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်မည်ဖြစ်သဖြင့် အကျိုးရှိရှိ ဆောင်ရွက်ကြစေလိုကြောင်း။
- မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသအတွင်း စားရေးကိုတိုက်ရိုက် အထောက်အကူပြုစေမည့် မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်လိုကြောင်း။
- ဒေသတွင်းစားသုံးမှုမှပိုလျှံလာသည့် အသား၊ ငါး၊ ဥများကို ဘုရားဖူးဧည့်သည် အများအပြားလာရောက်သည့် ပုဂံဒေသအပါအဝင် အခြားဒေသများသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် ဒေသ၏လူမှုစီးပွားဘဝသည်လည်း မြင့်တက် လာမည်ဖြစ်ကြောင်း။
- ချောက်နယ်မြေသည် ရေနံထုတ်လုပ်မှုမှ စက်မှုအခြေခံကောင်းခဲ့သည့် ဒေသတစ်ခု ဖြစ်ခဲ့ပြီး အစဉ်အလာကောင်းရှိသည့် ဒေသဖြစ်သဖြင့် လက်ရှိအချိန်တွင်လည်း MSME စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း။
- ဒေသအတွင်းပညာရည်မြင့်မားရေးအတွက် ဝိုင်းဝန်းအားပေးဆောင်ရွက်ကြစေ လိုပြီး ချောက်ခရိုင်သည် ပညာရေးနှင့်ပတ်သက်၍ အခြေခံကောင်းများရှိပြီး ဖြစ်ကြောင်း။
- ပညာရေးကိုကောင်းစွာသင်ကြားနိုင်ရန်အတွက် ကျန်းမာရေးကောင်းရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် အာဟာရပြည့်ဝသည့် အစားအသောက်များနှင့် နေထိုင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အသိပညာများ ရှိမှသာ ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုပုံစံများကိုသိရှိနိုင်မည်ဖြစ်ကြောင်း။
- နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ လူထုအနေဖြင့် စနစ်တကျ နေထိုင်လုပ်ကိုင်ဆောင်ရွက်နေရန်လိုပြီး ညီညီ ညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း။
- ရာသီဥတုနှင့်ပတ်သက်၍ ချောက်မြို့နယ်သည် ရာသီဥတုပူပြင်းသည့် ဒေသဖြစ် ကြောင်း၊ ရာသီဥတုပြင်းထန်သည့် ကာလများ၌ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး ကောင်းမွန်မှုမရှိသူများအတွက် အပူရှောင်ခိုနားနိုင်မည့် အဆောက် အဦကြီးများ တည်ဆောက်နိုင်ရန်လိုကြောင်း။
- ထို့ကြောင့် အပူပိုင်းဇုန်ဒေသများ၌ လူဦးရေအများအပြား ဝင်ဆန့်ခိုနားနိုင်မည့် အတွင်းလှိုဏ်ပါရွှေတိဂုံစေတီတော်ပုံတူစေတီ၊ စွယ်တော် စေတီတော်ပုံတူ စေတီ တို့ကို တာဝန်ရှိသူများ၊ အလှူရှင်များစုပေါင်း၍ တည်ထားကိုးကွယ်နိုင်ရေး စဉ်းစားနိုင်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်သည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအတွက် စားသောက်ဖွယ်ရာများကိုပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၅-၂၀၂၄)
- ချောက်ဒေသအတွင်း၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသထုတ်ကုန် ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် အဓိကလိုအပ်။
- စိုက်ပျိုးရေးလုပ်ငန်းအတွက်လိုအပ်သည့် ဓာတ်မြေဩဇာများကို နိုင်ငံအတွင်း ထုတ် လုပ်လျက်ရှိသကဲ့သို့ ပြည်ပမှလည်း တင်သွင်းပေးလျက်ရှိ။
- မြေဆွေး၊ မြေဩဇာများနှင့် မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်း များကိုလည်း သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်မည်ဖြစ်သဖြင့် အကျိုးရှိရှိ ဆောင်ရွက်ကြစေလို။
- မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသအတွင်း စားရေးကို တိုက်ရိုက် အထောက်အကူပြုစေမည့် မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်လို။
- ဒေသတွင်းစားသုံးမှုမှပိုလျှံလာသည့် အသား၊ ငါး၊ ဥများကို ဘုရားဖူးဧည့်သည် အများ အပြားလာရောက်သည့် ပုဂံဒေသအပါအဝင် အခြားဒေသများသို့လည်း တင်ပို့ရောင်းချ နိုင်မည်ဖြစ်သဖြင့် ဒေသ၏လူမှုစီးပွားဘဝသည်လည်း မြင့်တက်လာမည်ဖြစ်။
- ချောက်နယ်မြေသည် ရေနံထုတ်လုပ်မှုမှ စက်မှုအခြေခံကောင်းခဲ့သည့် ဒေသတစ်ခု ဖြစ်ခဲ့ပြီး အစဉ်အလာကောင်းရှိသည့် ဒေသဖြစ်သဖြင့် လက်ရှိအချိန်တွင်လည်း MSME စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြစေလို။
- နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထု အနေဖြင့် စနစ်တကျ နေထိုင်လုပ်ကိုင်ဆောင်ရွက်နေရန်လိုပြီး ညီညီ ညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်လို၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်။
Add new comment