ကော့ကရိတ်မြို့၌ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

          ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မြို့ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်လျက်ရှိရာ မေလ ၂၅ ရက်တွင်     ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာ ဝန်ရှိသူတို့က အမှတ်(၁)ရပ်ကွက်ရှိ အ.ထ.က(ချောင်းတောင်)ကျောင်းဝင်းတွင် တပ်ရင်း တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ သန့်ရှင်းရေးဆောင်ရွက်နေမှု၊ ခရိုင်/မြို့နယ်လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးဌာနမှ မြို့တွင်းပျက်စီးနေသည့် Transformer ပြုပြင်ဆောင်ရွက်နေမှု၊ အမှတ်(၄)ရပ်ကွက်၊ တောင်ပေါ်ကျောင်းတိုက်၌ လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီး နေသည့် ကျောင်းဆောင်အမိုးများ ပြုပြင်ဆောင်ရွက်နေမှု၊ ယာယီနေရပ်စွန့်ခွာသူများအား ယာယီနေရာချထားပေးနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှု၊ ပြန်လည်ဝင်ရောက်လာသည့် ယာယီနေရပ်စွန့်ခွာသူများအား အိမ်ထောင်စုစာရင်းများကောက်ယူမှု၊ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးမှုအခြေအနေတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၅-၂၀၂၄)

  • တာဝန်ရှိသူတို့က အမှတ်()ရပ်ကွက်ရှိ ..က(ချောင်းတောင်)ကျောင်းဝင်းတွင် သန့်ရှင်းရေးဆောင်ရွက်နေမှု၊ မြို့တွင်းပျက်စီးနေသည့် Transformer ပြုပြင်ဆောင် ရွက်နေမှု၊ အမှတ်()ရပ်ကွက်၊ တောင်ပေါ်ကျောင်းတိုက်၌ လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးနေသည့် ကျောင်းဆောင်အမိုးများ ပြုပြင်ဆောင်ရွက်နေမှု၊ ပြန်လည်ဝင် ရောက်လာသည့် ယာယီနေရပ်စွန့်ခွာသူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ ပေးမှုအခြေအနေတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့။

Add new comment