ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာနှင့် ကညွတ်ကွင်း ဘူတာအကြား မိုင်တိုင်အမှတ် ၁၂၆/၇-၈ ရှိ ပတ္တာရွာ ရထားလမ်းကူးအနီး သံလမ်း ပေါ်တွင် အကြမ်းဖက်သမားများက မေလ ၂၄ ရက်၊ နံနက် ၁ နာရီ ၄၂ မိနစ်ခန့်နှင့် ၂ နာရီ ၃ မိနစ်ခန့်အချိန်တို့တွင် မိုင်းထောင်ဖောက်ခွဲခဲ့ရာ လက်ရှိရထားပြေးဆွဲနေသည့် အဆန်လမ်းနှင့် စီမံကိန်းဆောင်ရွက်လျက်ရှိသော အစုန်လမ်းတို့မှ အတွင်းသံလမ်း ၄ ပေခန့်စီ ပြတ်ထွက်၍ ကွန်ကရစ်ဇလီဖား ၅ တုံးခန့်စီ ပျက်စီးခဲ့ပါသည်။
အဆိုပါပျက်စီးမှုများကြောင့် ညောင်ပင်သာနှင့် ကညွတ်ကွင်းရထားလမ်းပိုင်းအား ခေတ္တပိတ်၍ လမ်းပိုင်း အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာ့မီးရထားတာဝန်ရှိသူ များက ပြုပြင်ဆောင်ရွက်ခဲ့ရာ နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် ပြန်လည်ဖွင့်လှစ်နိုင် ခဲ့ပါသည်။
အဆိုပါမိုင်းဖြစ်စဉ်ကြောင့် အမှတ် (၁၁) အဆန် ရန်ကုန်-မန္တလေး လူစီးအမြန် ရထားသည် ကညွတ်ကွင်းဘူတာ၌လည်းကောင်း၊ အမှတ် (၁) အဆန် ရန်ကုန်-မန္တလေး စာပို့ရထားသည် ပဲနွယ်ကုန်းဘူတာ၌လည်းကောင်း အသီးသီးရောက်ရှိရပ်နားခဲ့ရပြီး လူစီးရထားများ ကြန့်ကြာမှုဖြစ်ပေါ်၍ အမှတ် (၆၅၁) အစုန်ကျောက်ရထားသည် ဇေယျဝတီဘူတာ၌ စောင့်ဆိုင်းခဲ့ရပြီး လမ်းပိုင်းပြန်လည်ဖွင့်လှစ်သည့်အချိန်မှသာ စေ လွှတ်နိုင်ခဲ့ပါသည်။
အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထား လမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၂၀၆) ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၆၄) ကြိမ်၊ ဘူတာအဆောက် အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂) ကြိမ် ကျူးလွန်ခဲ့ကြပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး စီမံ ကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထားစီမံဆောင်ရွက် ပေးလျက်ရှိသော်လည်း အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများအနေဖြင့် နိုင်ငံ တော်ပိုင် ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်း စွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးနှင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း နှောင့်နှေးကြန့်ကြာစေရန်အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာရက်စက်စွာဖြင့် အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ် ဒေသခံများနှင့် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၅-၂၀၂၄)
- ဖြူးမြို့နယ်၊ ညောင်ပင်သာနှင့် ကညွတ်ကွင်းဘူတာအကြား မိုင်တိုင်အမှတ် ၁၂၆/ ၇-၈ ရှိ ပတ္တာရွာ ရထားလမ်းကူးအနီး သံလမ်းပေါ်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ရာ လက်ရှိရထားပြေးဆွဲနေသည့် အဆန်လမ်းနှင့် စီမံကိန်း ဆောင်ရွက်လျက်ရှိသော အစုန်လမ်းတို့မှ အတွင်းသံလမ်း ၄ ပေခန့်စီ ပြတ်ထွက်၍ ကွန်ကရစ်ဇလီဖား ၅ တုံးခန့်စီ ပျက်စီးခဲ့။
- အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထား လမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၂၀၆) ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၆၄) ကြိမ်၊ ဘူတာအဆောက် အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂) ကြိမ် ကျူးလွန်ခဲ့ပြီးဖြစ်။
Add new comment