မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ အကြိမ်အစည်းအဝေးကို မေလ ၂၃ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပခဲ့ရာ မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ဦးတည်ချက်များချမှတ်ပြီး ဆောင်ရွက်ရာတွင် အထူးစီးပွားရေးဇုန် အသီးသီး၏ ရည်မှန်းချက်နှင့် အကောင်အထည်ဖော်မှုများကလည်း နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်များနှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်မည် ဖြစ်ကြောင်း။
- နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်များပြားခြင်းသည် အဓိက အရေးပါသည့်အချက် နှစ်ချက်အဖြစ် ပါဝင်ပါကြောင်း။
- ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ညှိုနှိုင်းဆွေးနွေးမှု အောင်မြင်ခဲ့ပြီး Long Stop Date သက်တမ်း ၁၈ လ သက်တမ်းထပ်မံတိုးမြှင့်ရာ ယခုအခါ ၄ လကျော် ၅ လ ရှိပြီးဖြစ်ကြောင်း။
- လုပ်ငန်းအစီအမံများပါအတိုင်း ဆောင်ရွက်သွားရန်လိုပြီး အရေးကြီးသည်မှာ Long Stop Date ၁၈ လတာ ကာလအတွင်း နှစ်ဦးနှစ်ဖက်ဆောင်ရွက်ရန် ကိစ္စများကို ပြီးပြတ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း။
- သီလဝါအထူးစီးပွားရေးဇုန်မှ လိုအပ်သည့် ကုန်ကြမ်းများကို နိုင်ငံခြားမှ တင်သွင်း မှုများရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင် ရွက်ပေးနေသည်ကို တွေ့ရကြောင်း၊ အခက်အခဲသတ်မှတ်ချက်အနည်းဆုံးဖြစ် အောင် ဆက်လက်စီမံဆောင်ရွက်ပေးကြရန်လိုကြောင်း။
- သီလဝါအထူးစီးပွားရေးဇုန်မှ လိုအပ်သည့် ကုန်ကြမ်းများကို မိမိတို့နိုင်ငံတွင် ရှိနေသည့် MSME လုပ်ငန်းများမှ ပြည်တွင်း အရည်အသွေးမြင့် ကုန်ကြမ်းများ မှာယူနိုင်သည့် အဆင့်အထိ ရည်မှန်းချက်ထား ဆောင်ရွက်ရန်လိုအပ်ကြောင်း။
- ၂၀၂၄ ခုနှစ်၊ မတ်လစာရင်းအရ MSME လုပ်ငန်းမှထွက်ရှိသည့် ကုန်ပစ္စည်း များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မှုတွင် မြန်မာကျပ်ငွေ ၂ ဒသမ ၁ ဘီလီယံ ကျော် ရရှိခဲ့သည်ကို တွေ့ရကြောင်း။
- သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အကောက် ခွန်ရရှိမှုမှာ ငွေကျပ် ၃၆၁ ဒသမ ၉၉၀ သန်းကျော်၊ ကုန်သွယ်လုပ်ငန်းခွန် ဝင်ငွေမှာ ငွေကျပ် ၄ ဒသမ ၆ ဘီလီယံ၊ ကြိုတင်ဝင်ငွေခွန် ငွေကျပ် ၇၆၀ ဒသမ ၆၈၀ သန်း ရှိသည်ကို တင်ပြလာသည့် စာရင်းများအရ သိရှိရကြောင်း။
- မတ်လအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၄၉ သန်း ဖြစ်ပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၂၇၈ သန်း ဖြစ်ကြောင်း။
- သီလဝါအထူးစီးပွားရေးဇုန်တွင်ရှိသည့် ကုမ္ပဏီများအနေဖြင့် ၎င်းတို့ကိုယ်ပိုင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမှုနှင့် ပတ်သက်၍ အားပေး ရမည်ဖြစ်ကြောင်း။
- ဇုန်များတွင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ပါက အခြားလိုအပ် သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လျှပ်စစ်ဓာတ်အားကို ယခုထက် ပို၍ အချိန်တိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း။
- ထားဝယ်စီးပွားရေးဇုန်နှင့်ပတ်သက်၍လည်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြသည့် Developer များကို နည်းမျိုးစုံဖြင့် ဖိတ်ခေါ်လျက် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး ရရှိရေး သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ အထူးစီးပွားရေးဇုန်အလိုက် စီမံ ခန့်ခွဲမှု ကြီးကြပ်ရေးကော်မတီများက ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
- ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ဂျပန်၊ ထိုင်း၊ မြန်မာ စုပေါင်း ဖွဲ့စည်းထားသည့် ငွေကြေးစုစည်းထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ SPV (Special Purpose Vehicle) နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပြီး လုပ်သင့် လုပ်ထိုက် သည်များကို ဆောင်ရွက်သွားကြရန်လိုကြောင်း။
- ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ မကြာမီဆောင်ရွက်မည့် MOI (Memorandum Of Interest) လက်မှတ်ရေးထိုးမည့် ကိစ္စတွင် ပါဝင်သင့် ပါဝင် ထိုက်သည့် အချက်များကို မိမိတို့နိုင်ငံရှိ ဥပဒေပညာရှင်များ၊ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်သူများဖြင့် သေသေချာချာ စိစစ်၍ ပြဌာန်းချက်များနှင့်အညီ နှစ်ဦး နှစ်ဖက် Win Win Situation ဖြစ်အောင် ပြင်ဆင်ဆွေးနွေးထားရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များနှင့် တာဝန်ရှိသူများက အကြံပြုချက်များနှင့် အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်း ဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၄)
- ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ညှိုနှိုင်းဆွေးနွေးမှု အောင်မြင်ခဲ့ပြီး Long Stop Date သက်တမ်း ၁၈ လ သက်တမ်းထပ်မံတိုးမြှင့်ရာ ယခုအခါ ၄ လကျော် ၅ လ ရှိပြီးဖြစ်။
- လုပ်ငန်းအစီအမံများပါအတိုင်း ဆောင်ရွက်သွားရန်လိုပြီး အရေးကြီးသည်မှာ Long Stop Date ၁၈ လတာ ကာလအတွင်း နှစ်ဦးနှစ်ဖက်ဆောင်ရွက်ရန် ကိစ္စများကို ပြီးပြတ်အောင် ဆောင်ရွက်ကြရန်လို။
- သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အကောက် ခွန်ရရှိမှုမှာ ငွေကျပ် ၃၆၁ ဒသမ ၉၉၀ သန်းကျော်၊ ကုန်သွယ်လုပ်ငန်းခွန် ဝင်ငွေမှာ ငွေကျပ် ၄ ဒသမ ၆ ဘီလီယံ၊ ကြိုတင်ဝင်ငွေခွန် ငွေကျပ် ၇၆၀ ဒသမ ၆၈၀ သန်း ရှိသည်ကို တင်ပြလာသည့် စာရင်းများအရ သိရှိရ။
- ထားဝယ်စီးပွားရေးဇုန်နှင့်ပတ်သက်၍လည်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြသည့် Developer များကို နည်းမျိုးစုံဖြင့် ဖိတ်ခေါ်လျက် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး ရရှိရေး သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ အထူးစီးပွားရေးဇုန်အလိုက် စီမံ ခန့်ခွဲမှု ကြီးကြပ်ရေးကော်မတီများက ကြိုးပမ်းဆောင်ရွက်ကြရန်လို။
- ဇုန်များတွင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ပါက အခြားလိုအပ် သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လျှပ်စစ်ဓာတ်အားကို ယခုထက် ပို၍ အချိန်တိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်။
Add new comment