နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတက်ရောက်

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၃) ကြိမ်မြောက် နှစ်ပတ် လည် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို မေလ ၂၃ ရက်တွင် နေပြည်တော်ရှိ မြန်မာ နိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ရာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင်-

  • ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် လူဉီး ရေ (၅၄) သန်းကျော် ရှိသည့်အနက် (၆၀ရာခိုင်နှုန်း)ကျော်သည် မိခင်နှင့်ကလေး များဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက မိခင်နှင့်ကလေး ကျန်းမာရေးကိစ္စ၊ ပြည်သူတစ်ရပ်လုံးကျန်းမာပြီး သက်တမ်းရှည်စွာ နေနိုင်ရေးကိစ္စများကို ဉီးစားပေး ဆောင်ရွက်ရမည့်ကိစ္စရပ်များအဖြစ် လမ်းညွှန်ထားရှိကြောင်းပြောကြားခဲ့။
  • နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့များ၏ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးစသည့် ကဏ္ဍကြီး (၄) ရပ်လှုပ်ရှားမှုအတွက် ကဏ္ဍအလိုက် ထူးချွန်ဆုများချီးမြှင့်ခြင်း အစီအစဉ်ကို ကျင်းပရာ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ၊ ဒေါ်ခင်သက်ဌေး၊ ဒေါ်သန်း သန်းနွယ်နှင့် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းတို့က မိခင် နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်ရာ သက် ဆိုင်ရာအဖွဲ့ဥက္ကဋ္ဌများက လက်ခံရယူခဲ့။
  • ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှသည် ကိုယ်ဝန်ဆောင်မိခင်များကို အာဟာရ ဖြစ်စေမည့် အစားအစာများ ထောက်ပံ့ပေးပြီး (၅)နှစ်အောက် ကလေးငယ်များ အား အမီလိုက်ကာကွယ်ဆေးများ တိုက်ကျွေးပေးကာ နေပြည်တော်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များက ဒေသ ထွက်ကုန်ပစ္စည်းများနှင့် ရိုးရာလက်မှုပစ္စည်းများ ခင်းကျင်းပြသရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့။
  • မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးက ၂၀၂၃ ခုနှစ် နှစ်ချုပ်အစီရင်ခံစာနှင့် အသင်းဘဏ္ဍာရေးမှူးက ၂၀၂၂ - ၂၀၂၃ ခုနှစ် ငွေစာရင်း ရှင်းတမ်းနှင့် ၂၀၂၃ - ၂၀၂၄ ရသုံးမှန်းခြေစာရင်းတို့ကို ဖတ်ကြားတင်သွင်းခဲ့။
  • နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့များက ၂၀၂၃ ခုနှစ် နှစ်ချုပ်အစီရင်ခံစာကို ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာကြသူများက အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ် များ ချမှတ်နိုင်ရန် ဆွေးနွေးအတည်ပြုခဲ့ ။

အခမ်းအနားသို့ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ခင်သက်ဌေး၊ ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူးများ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ် နှင့်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကများ၊ ဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီး များနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၄)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ် လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး နေပြည်တော်၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များအား ထူးချွန် ဆုများချီးမြှင့်ခဲ့၊ ကိုယ်ဝန်ဆောင်မိခင်များကို အာဟာရ ဖြစ်စေမည့် အစားအစာများ ထောက်ပံ့ပေးခဲ့။

Add new comment