ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် လူဦးရေ စာရင်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၃ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို တက်ရောက်အမှာစကားပြော ကြားစဉ်-
- ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းမှန်ကန်ရေးသည် အရေးကြီးပြီး ကော်မရှင် အနေဖြင့် မဲစာရင်းမှန်ကန်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း။
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး e-Government ဌာနနှင့် သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနတို့ပူးပေါင်း၍ မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်ရေးဆွဲဆောင် ရွက်ခဲ့ပြီး အဆိုပါစနစ်ကိုအသုံးပြု၍ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအထိ ရှေ့ပြေးစီမံ ချက်ဖြင့် ကောက်ယူရရှိထားသည့် အခြေခံလူဦးရေစာရင်းများကို ဆာဗာအတွင်း ထည့်သွင်းခဲ့ပြီးဖြစ်ကြောင်း။
- မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများကို သင်တန်းများဖွင့်လှစ်ပို့ ချခဲ့ပြီး ရွေးကောက်ပွဲကျင်းပမည့်ပုံစံအတိုင်း လေးကြိမ်စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း။
- လက်ရှိအချိန်တွင် မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီက ပေးပို့ လာသည့် အသက် ၁၈ နှစ်ပြည့်ပြီး လူဦးရေစာရင်းများကို မြို့နယ်အဆင့် မဲဆန္ဒ ရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (Admin and DEO Software)နှင့် ဗဟိုမဲဆန္ဒရှင် စာရင်းစီမံခန့်ခွဲမှုစနစ်(CVLMS)တို့ကို အသုံးပြု၍ မြို့နယ်အလိုက် စာရင်းထည့် သွင်းခြင်း၊ မဲရုံခွဲခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း။
- တစ်နိုင်ငံလုံး၏ မဲစာရင်းများကို ဆာဗာထဲထည့်သွင်းအတည်ပြုပြီးပါက လေးလ တစ်ကြိမ် ပုံမှန်ပြင်ဆင်ပေးခြင်းဖြင့် အမြဲရှင်သန်နေသောမဲစာရင်း (Dynamic Voter List) ကိုရရှိရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့။
တက်ရောက်လာကြသူများက တိုင်းဒေသကြီး/ပြည်နယ်များတွင် မဲရုံများခွဲဝေ သတ်မှတ်ရာ၌ အခြေခံဆောင်ရွက်ရမည့်အချက်များ၊ မဲရုံခွဲဝေသတ်မှတ်ခြင်းကို စမ်းသပ် ညှိနှိုင်းဆောင်ရွက်ရာတွင် တွေ့ရှိခဲ့ရသည့် အခြေအနေများ၊ လူဦးရေစာရင်းပြုစုရာတွင် လိုအပ်သောအချက်အလက်များ ပြည့်စုံမှန်ကန်ရေးအတွက် တွေ့ရှိရသည့် အခက်အခဲများ၊ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ မဲရုံလျာထားမှုနှင့် CVLMS စနစ်ဖြင့် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၄)
- ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းမှန်ကန်ရေးသည် အရေးကြီးပြီး ကော်မရှင်အနေဖြင့် မဲစာရင်းမှန်ကန်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိ။
- မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်ကို ရွေးကောက်ပွဲကျင်းပမည့်ပုံစံအတိုင်း လေးကြိမ် စမ်းသပ်ဆောင်ရွက်ခဲ့ပြီးဖြစ်။
- လက်ရှိအချိန်တွင် မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီက ပေးပို့ လာသည့် အသက် ၁၈ နှစ်ပြည့်ပြီး လူဦးရေစာရင်းများကို မြို့နယ်အဆင့် မဲဆန္ဒရှင် စာရင်းများ စီမံခန့်ခွဲမှုစနစ်နှင့် ဗဟိုမဲဆန္ဒရှင် စာရင်းစီမံခန့်ခွဲမှုစနစ်တို့ကို အသုံးပြု၍ မြို့နယ်အလိုက် စာရင်းထည့်သွင်းခြင်း၊ မဲရုံခွဲခြင်းလုပ်ငန်းတို့ကို ဆောင်ရွက် လျက်ရှိ။
Add new comment