တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

     

တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Mizzima - News in Burmese မှ တင်ထားသော မြိတ် မြို့နယ်ရှိ လသာရွာနှင့် တနင်္သာရီမြို့နယ်ရှိ ရမ်းဖိုကျေးရွာတို့တွင် အမျိုးသမီး တစ်ဦးအပါအဝင် ဒေသခံ ခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရိုက်နှက်ဖမ်း ဆီးသွားခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ လသာကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် PDF အကြမ်းဖက်သမားများက တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိကြောင်း သိရှိရ။

နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ် သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ်ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုး မျိုးသော မဟုတ်မမှန်ကောလာဟလသတင်းအမှားများကို အွန်လိုင်း‌ပေါ်မှ ဝါဒဖြန့်လှုံ့ ဆော်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၅-၂၀၂၄)

  • မြိတ်မြို့နယ်ရှိ လသာရွာနှင့် တနင်္သာရီမြို့နယ်ရှိ ရမ်းဖိုကျေးရွာတို့တွင် အမျိုးသမီး တစ်ဦးအပါအဝင် ဒေသခံခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရိုက်နှက်ဖမ်းဆီး သွားခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူတစ်ဦးတစ်ယောက်မျှ ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိကြောင်း သိရှိရ။

 

 

Add new comment