ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆီမီးတိုင်များဖြင့်လှည့်လည်ပူဇော်

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ကျောင်းသား၊‌ ကျောင်းသူ စုစုပေါင်း ၁,၀၈၀ ဦးက ဆီမီးတိုင်များဖြင့် လှည့်လည်ပူဇော် ခြင်းအခမ်းအနားကို မေလ ၂၂ ရက် ည‌နေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်နှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဗျာဒိတ်တော်ခံယူတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဘုရားပွင့်တော်မူခြင်းနှင့် ပရိနိဗ္ဗာန် စံတော်မူခြင်းစသည့်သရုပ်ပြယာဉ်များကို ဘုရားဖူးပြည်သူများဖူးမြော်ကြည်ညိုနိုင်ရန် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း အပူဇော်ခံရပ်နားထားရှိကာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ကျောင်းသား၊‌ ကျောင်းသူများက သာသနာ့အလံများနှင့် ဆီမီးတိုင် များကိုင်ဆောင်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သတ်မှတ်လမ်းကြောင်း အတိုင်း လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြပါသည်။

ထို့နောက် ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ကျောင်းသား၊‌ ကျောင်းသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအနီးရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်း လောင်းပူဇော်ကြပြီး မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန် တော်၌ ကျင်းပသည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ ဓမ္မသဘင်မင်္ဂလာအခမ်းအနားသို့ တက် ရောက်၍ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဟောကြားချီးမြှင့်တော် မူသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ ဓမ္မကထာဒေသနာတော်ကို ရိုသေလေးမြတ်စွာ နာယူခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၅-၂၀၂၄)

  • မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား ဝန်ကြီးဌာနများမှဝန်ထမ်း များနှင့် ကျောင်းသား၊‌ ကျောင်းသူ စုစုပေါင်း ၁,၀၈၀ ဦးက ဆီမီးတိုင်များဖြင့် လှည့်လည်ပူဇော်ခဲ့။

Add new comment