နိုင်ငံတော်အစိုးရက ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသူများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် နိုင်ငံသားများ အခက် အခဲကြုံတွေ့နေရပါက မည်သို့သောအခြေအနေ ကြုံတွေ့ရသည့်တိုင် နိုင်ငံသားများ အပေါ် အလေးအနက်တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေး လျက်ရှိပါသည်။

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင်  အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မအိသက်ဖြူနှင့် မအေးအေးပိုင်တို့အား  အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့်ညှိနှိုင်း၍ ပြန်လည်ခေါ်ဆောင် နိုင်ခဲ့ပြီး ရန်ကုန်မြို့သို့ရောက်ရှိခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လှိုက်လှဲဝမ်းသာစွာဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရှိရ ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၅-၂၀၂၄)

  • နိုင်ငံတော်အစိုးရက ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံ တွေ့နေရသော မြန်မာနိုင်ငံသူနှစ်ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့။

Add new comment