မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဂျပန်ဘောလုံးအဖွဲ့ချုပ် ပူးပေါင်းဆောင်ရွက်ရန် MoU ရေးထိုး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် လူငယ်ဘောလုံးဖွံ့ဖြိုးရေး၊ အမျိုးသမီး ဘောလုံးဖွံ့ဖြိုးရေး အကယ်ဒမီကျောင်းများနှင့် လူငယ်အသင်းပြိုင်ပွဲများအတွက် ဂျပန် ဘောလုံးအဖွဲ့ချုပ် (JFA) နှင့် ပူးပေါင်းဆောင်ရွက်ရန် နှစ်ဖက်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းကို မေလ ၂၃ ရက်တွင် ဂျပန်နိုင်ငံ၊ JFA ရုံးချုပ်၌ ပြုလုပ် ခဲ့ရာ အာရှဘောလုံးအဖွဲ့ချုပ် (AFC) Senior Vice President၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ဥက္ကဋ္ဌ Tsuneyasu Miyamoto တို့ တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြပါသည်။

နှစ်ဖက်ဘောလုံးအဖွဲ့ချုပ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ပြီး နည်းစနစ် ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒိုင်လူကြီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့် မြန်မာလူငယ် ယူ-၁၂ အသင်းကို ဘာစီလိုနာ၊ဂျူဗီတပ်စ်၊ ဂျပန်၊ J League လူငယ်ကလပ်များပါဝင်ယှဉ်ပြိုင်မည့် ယူ-၁၂ နိုင်ငံတကာဖိတ်ခေါ်လူငယ်ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၅-၂၀၂၄)

  • ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့် မြန်မာလူငယ် ယူ-၁၂ အသင်းကို ဘာစီလိုနာ၊ ဂျူဗီတပ်စ်၊ ဂျပန်၊ J League လူငယ်ကလပ်များပါဝင်ယှဉ်ပြိုင်မည့် ယူ-၁၂ နိုင်ငံတကာ ဖိတ်ခေါ်လူငယ်ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်မည်ဖြစ်။

 

 

 

Add new comment