ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) ကျင်းပပြုလုပ်

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄)ကို မေလ ၂၀ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင်-

  • နည်းဥပဒေရေးဆွဲရေးနှင့်ပတ်သက်၍ ဗဟိုအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးဌာန ၃ ခုနှင့် တိုင်းဒေသကြီး/ပြည်နယ်အဖွဲ့ ၆ ခုတို့က ပေးပို့ခဲ့သည့် အကြံပြုချက်များ အပေါ် သက်ဆိုင်ရာဌာနများမှ အလေးထားဖတ်ရှုပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်၍ရေးဆွဲထားသည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (စတုတ္ထမူကြမ်း) ကို ရေးထုံးရေးနည်းစိစစ်ရန်နှင့် ဥပဒေကြောင်းအရ သဘောထားပြန်ကြားပေးရန် ဥပဒေရေးရာဝန်ကြီးဌာနသို့ပေးပို့ခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာနမှ ဖြည့်စွက်ပြင် ဆင်ချက်၊ သဘောထားမှတ်ချက်များနှင့်အတူ ပြန်ကြားခဲ့ကြောင်း။
  • ၎င်းပြန်ကြားလာမှုအပေါ် စံပြုလုပ်ထုံးလုပ်နည်းပြုစုရေးဆွဲရေးနှင့် နည်းဥပဒေ ပြုစုရေးဆွဲရေးအလုပ်အဖွဲ့က အစည်းအဝေးခေါ်ယူပြီး ပြင်ဆင်ချက်/ဖြည့်စွက် ချက်များနှင့်အတူ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (စတုတ္ထမူကြမ်း)ကို ထပ်မံပြုစု ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း။
  • နည်းဥပဒေ(စတုတ္ထမူကြမ်း)နှင့်ပတ်သက်၍ ဆွေးနွေးချက်များ၊ အကြံပြုချက် များရှိပါက ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် ဆွေးနွေးချက်၊ အကြံပြုချက်များကို ဆောလျင်စွာ ပေးပို့ပေးရန် ပြောကြားလိုကြောင်း။
  • ပြည်သူ့စစ်မှုထမ်းသင်တန်း ပထမအပတ်စဉ်နှင့် ဒုတိယအပတ်စဉ်များကို ဖွင့် လှစ်ခဲ့ပြီး တတိယအပတ်စဉ်အတွက် သတ်မှတ်သင်တန်းသားအရေအတွက်၊ Time Frame များကိုလည်း မြေပြင်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ် စေရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အလုပ်အဖွဲ့များ လုပ်ငန်း ဆောင်ရွက်ရာတွင် လွယ်ကူစေရန် ပြင်ဆင်ရေးဆွဲထားပြီးဖြစ်ကြောင်း။
  • ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် လက်ကမ်းစာစောင်များ၊ မြန်မာ့ရုပ်မြင်သံကြားမှ ကြေညာချက်များနှင့် နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၏ ပြောကြားချက်များအပါအဝင် နှိုးဆော် ချက်များဖြင့် ထုတ်လွှင့်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထုအတွင်း ထင်ယောင် ထင်မှားမဖြစ်စေရေးနှင့် သတင်းမှန်များ ကျယ်ပြန့်စွာ ရောက်ရှိနိုင်ရေးအတွက် Mobile Operator (၄) ခုမှတစ်ဆင့် Short Message များပေးပို့ခဲ့ပြီးဖြစ်ကြောင်း။
  • ပြည်သူ့စစ်မှုထမ်းသင်တန်း၊ သင်တန်း(၂)ပတ်စဉ် ဖွင့်လှစ်ခဲ့ပြီးချိန်တွင် တွေ့ကြုံ ရသည့် အားနည်းချက်၊ အားသာချက်များအား သုံးသပ်၍ နောင်ဖွင့်မည့် ပြည်သူ့ စစ်မှုထမ်းသင်တန်းများခေါ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် အလေး ထားကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။
  • တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် နိုင်ငံ သား/ဧည့်နိုင်ငံသား/ပြုနိုင်ငံသားမဟုတ်သူများကို ပြည်သူ့စစ်မှုထမ်းရွေးချယ်ခြင်း မပြုရန် လိုအပ်ကြောင်း ပြောကြားခဲ့။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) က ယခင်ဖွင့်လှစ်ခဲ့သည့် အပတ်စဉ်များအတွက် ပြည်သူ့စစ်မှုထမ်း ရန်ဆင့်ခေါ်ရာတွင် လာရောက်ရန် ပျက်ကွက်သူများအားလုံးကို တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အပတ်စဉ်(၃)ကို လျာထားချက်ပြည့်မီစွာဖြင့် ဖွင့်လှစ်နိုင်ရေးကြိုတင်စီမံဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

          အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ အတွင်းရေးမှူး စစ်ရေးချုပ်၊ ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online မှ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၅-၂၀၂၄)

  • နည်းဥပဒေ(စတုတ္ထမူကြမ်း)နှင့်ပတ်သက်၍ ဆွေးနွေးချက်များ၊ အကြံပြုချက် များရှိပါက ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် ဆွေးနွေးချက်၊ အကြံပြုချက်များကို ဆောလျင်စွာ ပေးပို့ပေးရန်။
  • ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် လက်ကမ်းစာစောင်များ၊ မြန်မာ့ရုပ်မြင်သံကြားမှ ကြေညာချက်များနှင့် နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၏ ပြောကြားချက်များအပါအဝင် နှိုးဆော် ချက်များဖြင့် ထုတ်လွှင့်ပေးလျက်ရှိ။
  • ပြည်သူ့စစ်မှုထမ်းသင်တန်း၊ သင်တန်း()ပတ်စဉ် ဖွင့်လှစ်ခဲ့ပြီးချိန်တွင် တွေ့ကြုံ ရသည့် အားနည်းချက်၊ အားသာချက်များအား သုံးသပ်၍ နောင်ဖွင့်မည့် ပြည်သူ့ စစ်မှုထမ်းသင်တန်းများခေါ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် အလေး ထားကြိုးစားဆောင်ရွက်ကြရန်။
  • တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် နိုင်ငံ သား/ဧည့်နိုင်ငံသား/ပြုနိုင်ငံသားမဟုတ်သူများကို ပြည်သူ့စစ်မှုထမ်းရွေးချယ်ခြင်း မပြုရန်။
  • ပြည်သူ့စစ်မှုထမ်းရန်ဆင့်ခေါ်ရာတွင် လာရောက်ရန် ပျက်ကွက်သူများအားလုံးကို တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်။

 

 

 

 

 

 

 

 

 

 

 

Add new comment