ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ အာကာသယာဉ်မှူး ၏ အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲကို မေလ ၂၀ ရက်တွင် ရန်ကုန် နည်းပညာတက္ကသိုလ်၌ ကျင်းပခဲ့ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ Deputy General Director for International Cooperation၊ H.E Mr.Savelyev Sergey Valentinovich နှင့် Roscosmos State Cooperation မှ Executive Director for Manned Space Program မှ အာကာသယာဉ်မှူး Mr. Krikalev Sergey Konstantinovich၊ Samara တက္ကသိုလ်မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသတက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ်တို့တက်ရောက် ခဲ့ကြပါသည်။
ရှင်းလင်းပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာကာသယာဉ်မှူး H.E Mr.Krikalev Sergey Konstantinovich က အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံများအပြင် Samara တက္ကသိုလ် Chief Executive Officer, Dmitrity A. Baranov သည် ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် Samara တက္ကသိုလ်အကြား အာကာသနည်းပညာနှင့်သက်ဆိုင်သည့် Exchange Program များ ဆက်လက်ဆောင်ရွက်သွားရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၅-၂၀၂၄)
- အာကာသနည်းပညာဆိုင်ရာ ရှင်းလင်းပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာကာသ ယာဉ်မှူး H.E Mr.Krikalev Sergey Konstantinovich ၏ အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံများအပြင် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် Samara တက္ကသိုလ် အကြား အာကာသနည်းပညာနှင့်သက်ဆိုင်သည့် Exchange Program များ ဆက်လက်ဆောင်ရွက်သွားရေး ကိစ္စရပ်များ ဆွေးနွေးခဲ့။
Add new comment