တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော သံတွဲမြို့နယ်၊ လင်းသီကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါ မြို့နယ်ရှိ ရွှေလှေကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် AA သောင်းကျန်းသူ အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းသာရှိကြောင်းနှင့် AA သောင်းကျန်းသူများ အနေဖြင့် ပြည်သူများနေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများနှင့် ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တပ်မတော်အပေါ် အပြစ်ပုံချ၍ ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ လွတ်လပ်တဲ့အာရှအသံ (RFA) မှ တင်ထားသော ညောင်ရွှေ မြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) မှ ပို့ဆောင်ပေးသော ဆန်အိတ် ၉၀၀ ကို စစ်ကောင်စီ တပ်က သိမ်းယူခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ ၎င်းသတင်းမှာ လုပ်ကြံဖန်တီး ထားသော သတင်းအတုဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ရေစကြိုမြို့နယ်ရှိ ကိုင်းမကြီး ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ မြေလတ်အသံမှ တင်ထားသော မြင်းခြံမြို့နယ်ရှိ ရွာရှည် ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၅ ဦးကိုပါ သတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အကြမ်း ဖက်သမားများသည် အဆိုပါကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့စဉ် PDF အကြမ်း ဖက်သမားများ၏ လက်နက်ကြီးကျည်များ ကျေးရွာအတွင်း ကျရောက်ခဲ့မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ DVB TV News မှ တင်ထားသော လက်ပံတန်းမြို့နယ်ရှိ ရေငံကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၃၀ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားဟူသည့်သတင်းသည် ကောလာ ဟလသတင်းအမှားဖြစ်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ် ဖွဲ့ဝင်များသည် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အကြမ်းဖက်သမားများ မိုင်း ထောင်ထားသည့်နေရာအား တွေ့ရှိ၍ရှင်းလင်းခဲ့ရာ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည့်အပြင် ထန်းတောကျေးရွာအနီးမှ ဗုံးစ ထိမှန်သေဆုံးနေသည့် အကြမ်းဖက်သမားအလောင်း ၂ လောင်းနှင့်အတူ လက် လုပ်မိုင်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ DVB TV News မှ တင်ထားသော ဖောင်းပြင်မြို့နယ်၊ အင်း ဝိုင်းကျေးရွာရှိ ဒေသခံပြည်သူ ၆ ဦးကို တပ်မတော်က သတ်ဖြတ်ခဲ့သည့်အပြင် ရွာအား မီးရှို့ခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ တပ်မတော်က အဆိုပါကျေးရွာတွင် နယ်မြေလုံခြုံရေးသွားရောက်ဆောင်ရွက်မှုမရှိခဲ့သလို ဒေသခံများအား သတ်ဖြတ် ခဲ့ဆိုသည့်သတင်းနှင့် ရွာအား မီးရှို့ခဲ့ဆိုသည့်သတင်းတို့မှာလည်း သတင်းအတု၊ သတင်းအမှားများသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ RFA Burmese မှ တင်ထားသော ရေစကြိုမြို့နယ်အတွင်းရှိ ဇီးတော၊ ကျောက်ထပ်နှင့် သဲတောတို့မှ ဒေသခံ ၁၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဖမ်းဆီးထားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်း အမှန်မှာ အဆိုပါကျေးရွာများတွင် PDF အကြမ်းဖက်သမားများက ခိုအောင်းနေကြောင်း သတင်းရ၍ နယ်မြေလုံခြုံရေးသွားရောက် ဆောင်ရွက်စဉ် အကြမ်းဖက်သမား များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာများရှိ လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ဝိုင်းမော်မြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး မြေပြင်တွင် အဆိုပါဖြစ်စဉ်မရှိခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ဂန့်ဂေါမြို့နယ်ရှိ ရွှေဘိုကျေးရွာနှင့် ရေသာကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါကျေးရွာများအတွင်းမှ အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ အထိအခိုက်အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရှိရ။
နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ် သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ်ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုး မျိုးသော မဟုတ်မမှန်ကောလာဟလသတင်းအမှားများကို အွန်လိုင်းပေါ်မှ ဝါဒဖြန့်လှုံ့ ဆော်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၅-၂၀၂၄)
- သံတွဲမြို့နယ်၊ လင်းသီကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ဟူသည့်သတင်းသည် သတင်း အမှားဖြစ်။
- ညောင်ရွှေမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ပို့ဆောင်ပေးသော ဆန်အိတ် ၉၀၀ ကို စစ်ကောင်စီတပ်က သိမ်းယူခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ ၎င်းသတင်းမှာ လုပ်ကြံဖန်တီးထားသော သတင်းအတုဖြစ်။
- ရေစကြိုမြို့နယ်ရှိ ကိုင်းမကြီးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် ကောလာဟလ သတင်းအမှားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများတွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ခြင်းမရှိခဲ့။
- မြင်းခြံမြို့နယ်ရှိ ရွာရှည်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၅ ဦးကိုပါ သတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အကြမ်းဖက်သမားများသည် တိုက်ပွဲဖြစ်ပွားခဲ့စဉ် PDF အကြမ်းဖက်သမားများ၏ လက်နက်ကြီးကျည်များ ကျေးရွာအတွင်း ကျရောက်ခဲ့မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့။
- လက်ပံတန်းမြို့နယ်ရှိ ရေငံကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၃၀ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်။
- ဖောင်းပြင်မြို့နယ်၊ အင်းဝိုင်းကျေးရွာရှိ ဒေသခံပြည်သူ ၆ ဦးကို တပ်မတော်က သတ်ဖြတ်ခဲ့သည့်အပြင် ရွာအား မီးရှို့ခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ တပ်မတော်က အဆိုပါကျေးရွာတွင် နယ်မြေလုံခြုံရေးသွားရောက်ဆောင်ရွက်မှုမရှိခဲ့ကြောင်း သိရှိရ။
- ရေစကြိုမြို့နယ်အတွင်းရှိ ဇီးတော၊ ကျောက်ထပ်နှင့် သဲတောတို့မှ ဒေသခံ ၁၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားဟူသည့်သတင်းသည် လုပ်ကြံ သတင်းအမှားဖြစ်။
- ဝိုင်းမော်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး မြေပြင်တွင် အဆိုပါဖြစ်စဉ်မရှိခဲ့ကြောင်း သိရှိရ။
- ဂန့်ဂေါမြို့နယ်ရှိ ရွှေဘိုကျေးရွာနှင့် ရေသာကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
Add new comment