နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၂၁ ရက်တွင် နေပြည်တော်ရှိ ဇေယျာ သီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံ အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်-

  • ပညာရှာရမည့်အရွယ်တွင် ပညာရှာဖွေကြခြင်းသည် မှန်ကန်သည့် လုပ်ဆောင်ချက် ဖြစ်သကဲ့သို့ ပညာသင်ယူသည့်နေရာတွင်လည်း စာပေဘာသာရပ်တစ်ခု တည်းကို တတ်မြောက်ထူးချွန်ရုံသာမဟုတ်ဘဲ ပြင်ပစာအုပ်၊ စာပေများကို ဖတ်ရှုခြင်းဖြင့် ဖြန့်ကြက်တွေးခေါ်မြော်မြင်နိုင်မှုရှိအောင် ကြိုးစားသွားကြရန်လို အပ်ကြောင်း။
  • မိမိတို့မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၂၀၀ ကျော်ရှည်လျားသည့် ပင်လယ်ပြင် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသကဲ့သို့ ပထဝီအနေအထားအရလည်း အချက် အချာကျသည့်နေရာတွင် တည်ရှိနေခြင်းကြောင့် မိမိတို့၏ရေပြင်၊ ဝေဟင် ပိုင်နက်များကို ပိုင်နိုင်စွာစိုးမိုးထားနိုင်ရန်လိုအပ်ကြောင်း။
  • သင်တန်းကာလ ရက်သတ္တပတ် ၄ ပတ်တာအတွင်း၌ သိသင့်သိထိုက်သည့် ရေကြောင်း၊ လေကြောင်းပညာရပ်များအပြင် အခြေခံစစ်ပညာဖြစ်သည့် စစ်ရေးပြ ဘာသာရပ်များကိုပါ လေ့ကျင့်သင်ကြားခဲ့ကြပြီးဖြစ်ကြောင်း။
  • စစ်ရေးပြဘာသာရပ်သည် အမိန့်နာခံတတ်ခြင်း၊ စည်းကမ်းကောင်းခြင်းနှင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်ခြင်းတို့ကို ဖြစ်ပေါ်စေခြင်းကြောင့် ထည့်သွင်း သင်ကြားပေးရခြင်းဖြစ်ကြောင်း။
  • နိုင်ငံတော်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းကိုပါ ပို့ချပေးခဲ့ ခြင်းကြောင့် သမိုင်းကြောင်းအမှန်များကိုသိရှိပြီး တိုင်းချစ်ပြည်ချစ်စိတ်များ ထက်သန်ကာ တိုင်းပြည်၏ ဂုဏ်ကိုမြှင့်တင်ပေးလိုသည့်သူ၊ အမျိုးဂုဏ်ဇာတိ ဂုဏ်ကို စောင့်ထိန်းလိုသူများဖြစ်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • နွေရာသီအားလပ်ရက်များကို အကျိုးမဲ့မဖြစ်စေဘဲ ယခုကဲ့သို့သင်တန်းတက် ရောက်ခဲ့ခြင်းကြောင့်ရရှိသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း ခင်မင်ရင်းနှီးမှုများကို ဆက်လက်ထိန်းသိမ်းပြီး ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူသွားကြရန်၊ မှန်ကန်သည့်အသိအမြင်များရရှိရန် စာကောင်းပေမွန်များကို ဖတ်ရှုပြီး မိဘဆရာသမားများ၏ ပြောဆိုဆုံးမမှုများအတိုင်း လိုက်နာနေထိုင် သွားကြရန်၊ မိမိတို့နေထိုင်ရာ နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိပြီး သင်ယူ တတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် နောင်တစ်ချိန်တွင် တိုင်းပြည်ကအားကိုး အားထားပြုရမည့် သားကောင်း၊ သမီးကောင်း ရတနာများဖြစ်အောင် ဆက်လက် ကြိုးစားသွားကြပါဟု တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ယင်းနောက် အခမ်းအနားအစီအစဉ်များအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ် များက ဂါဝရပြုလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခြင်း၊ လူငယ်မောင်မယ် များက သင်တန်းမှရရှိခဲ့သည့် ဗဟုသုတများနှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခြင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များက လူငယ်မောင်မယ်များကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်း ဧည့်ခံခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်း အနားသို့ မတက်ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော မြန်မာ့ တပ်မတော်မှထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တွင် ဝတ်ဆင်အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှထုတ်လုပ်သည့် ဆက်သွယ်ရေး စက်ပစ္စည်းများ၊ တပ်မတော် (ရေ) မှထုတ်လုပ်သည့် ရေယာဉ်များ ၏ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော် (လေ) တွင် အသုံးပြုနေသည့် လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံများနှင့်အသုံးအဆောင်ပစ္စည်းများ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှုသရုပ် ပြကွက်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ရှင်းလင်းပြသခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၅-၂၀၂၄)

  • ပညာရှာရမည့်အရွယ်တွင် ပညာရှာဖွေကြခြင်းသည် မှန်ကန်သည့် လုပ်ဆောင်ချက် ဖြစ်သကဲ့သို့ ပညာသင်ယူသည့်နေရာတွင်လည်း စာပေဘာသာရပ်တစ်ခု တည်းကို တတ်မြောက်ထူးချွန်ရုံသာမဟုတ်ဘဲ ပြင်ပစာအုပ်၊ စာပေများကို ဖတ်ရှုခြင်းဖြင့် ဖြန့်ကြက်တွေးခေါ်မြော်မြင်နိုင်မှုရှိအောင် ကြိုးစားသွားကြရန်လို။
  • မိမိတို့မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၂၀၀ ကျော်ရှည်လျားသည့် ပင်လယ်ပြင် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသကဲ့သို့ ပထဝီအနေအထားအရလည်း အချက်အချာ ကျသည့်နေရာတွင် တည်ရှိနေခြင်းကြောင့် မိမိတို့၏ ရေပြင်၊ ဝေဟင်ပိုင်နက်များကို ပိုင်နိုင်စွာစိုးမိုးထားနိုင်ရန်လို။
  • စစ်ရေးပြဘာသာရပ်သည် အမိန့်နာခံတတ်ခြင်း၊ စည်းကမ်းကောင်းခြင်းနှင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်ခြင်းတို့ကို ဖြစ်ပေါ်စေခြင်းကြောင့် ထည့်သွင်း သင်ကြားပေးရခြင်းဖြစ်။
  • နိုင်ငံတော်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းကိုပါ ပို့ချပေးခဲ့ ခြင်းကြောင့် သမိုင်းကြောင်းအမှန်များကိုသိရှိပြီး တိုင်းချစ်ပြည်ချစ်စိတ်များ ထက်သန်ကာ တိုင်းပြည်၏ ဂုဏ်ကိုမြှင့်တင်ပေးလိုသည့်သူ၊ အမျိုးဂုဏ်ဇာတိ ဂုဏ်ကို စောင့်ထိန်းလိုသူများဖြစ်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်။

Add new comment