သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား တံတားအမှတ် (၇၈) မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရထားခရီးစဉ်များ ကြန့်ကြာမှုဖြစ်

မေလ ၂၀ ရက်တွင် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်း၊ သထုံမြို့နယ်၊ သိမ်ဆိပ် နှင့်ဒုံဝန်းဘူတာအကြား၊ မိုင်တိုင်အမှတ်၊ ၁၂၄/၁၄-၁၃ ရှိ တံတားအမှတ်-၇၈ ပေ ၆၀ အောက်ခံသံဘောင်တံတားအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ပါသည်။ အဆိုပါနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ရောက်ရှိလာပြီး စစ်ဆေးခဲ့ရာ တံတားမရောက်မီ ရန်ကုန်ဘက်ခြမ်းပေ (၁,၀၀၀) အကွာ ကားလမ်းကူးနေရာတွင် ပလတ်စတစ်အိတ်အမည်းရောင်ဖြင့် ထုတ်ထားပြီး ဝါယာကြိုး သွယ်တန်းထားသည့် ရှေ့ထွက်ကြီးကြပ်မိုင်း ၁ လုံးအား တွေ့ရှိရ၍ သက်မဲ့ပြုလုပ်ဖယ် ရှားရှင်းလင်းနိုင်ခဲ့ပါသည်။

တံတားပေါ်တွင် ၄ နေရာ၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားထားပြီး (၁) နေရာစီတွင် သံလမ်းဘယ်/ညာ(၁)ပေ ခန့်စီ ပြတ်တောက်ပျက်စီးနေသဖြင့် သိမ်ဆိပ် - ဒုံဝန်း ရထား လမ်းပိုင်းအား ခေတ္တပိတ်၍ အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာ့မီးရထား တာဝန်ရှိသူ များက ပြုပြင်ဆောင်ရွက်ခဲ့ရာ မေလ ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထား ဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၂၀၅)ကြိမ်၊ ရထားတံတား/သံလမ်း များအား မိုင်းခွဲဖျက်ဆီးခြင်း (၁၆၃) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များ အား မီးရှို့ဖျက်ဆီးခြင်း (၄၂)ကြိမ် ကျူးလွန်ခဲ့ကြပါသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့်ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေ ရေးအတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာပက်စက်စွာဖြင့် အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီး နေကြခြင်းအပေါ် ဒေသခံများနှင့် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုံ့ချလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၅-၂၀၂၄)

  • အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်း ဘူတာအကြား တံတားအမှတ် (၇၈) အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ရထားခရီးစဉ်များ ကြန့်ကြာမှုဖြစ်ပွားခဲ့သဖြင့်  မြန်မာ့မီးရထား တာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်ခဲ့ရာ မေလ ၂၁ ရက်တွင် အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ခဲ့။
  • အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထား ဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၂၀၅)ကြိမ်၊ ရထား တံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၆၃) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂)ကြိမ် ကျူးလွန်ခဲ့။

Add new comment