ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် လတ်တလောနယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ရွှေ့ပြောင်းနေထိုင်သူများအား အမိုး၊ အကာဖြင့် နေထိုင်စားသောက်မှု အဆင်ပြေစေ ရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ မေ ၁၆ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာတွင်းနှင့် (၁၀) မိုင် ကျေးရွာတို့တွင် ၎င်းတို့အစီအစဉ်ဖြင့် ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု ၅၄ စု၊ လူဦးရေ ၃၃၇ ဦးတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီက ငွေကျပ် ၃,၉၉၆,၀၀၀ တန်ဖိုးရှိ ဆန်အိတ် ၅၄ အိတ် ကိုလည်းကောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် ၁,၉၁၇,၀၀၀ တန်ဖိုးရှိ ဆီ ၅၄ ဘူး၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်ဖာများကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ငွေကျပ် ၁၁,၇၂၉,၃၀၄ တန်ဖိုးရှိ အိမ်ထောင်စုများ အတွက် ဆန်ရိက္ခာတစ်လစာ၊ ပြောင်းရွှေ့စရိတ် ၅,၄၀၀,၀၀၀ နှင့် ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုးတို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ ဂျာမိုင် ကောင်းရပ်ကွက်အတွင်းရှိ မူရင်းနှစ်ခြင်းအသင်းတော် ကျမ်းစာကျောင်းဝင်းအတွင်း ခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စုများအား နေရာချထားပေးနိုင်ရေး ပလနကျေးရွာ အုပ်စု ပလန (၅) သဇင်မြိုင်ကျေးရွာအတွင်း အသင်းတော်ပိုင် မြေဧရိယာပေါ်တွင် အိမ်ထောင်စု ၃၀ ခန့်နေထိုင်နိုင်ရေးအတွက် ဝါးကြမ်းခင်းနေအိမ်တန်းလျားများ တည်ဆောက်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း ၇၀ ကျော်နှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက ငွေကျပ်သိန်း ၃၀ တို့ဖြင့် စုစုပေါင်းငွေကျပ် သိန်း ၁၀၀ ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၅-၂၀၂၄)
- ပြည်နယ်ဝန်ကြီးချုပ်သည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာတွင်းနှင့် (၁၀) မိုင် ကျေးရွာတို့တွင် ၎င်းတို့အစီအစဉ်ဖြင့် ရွှေ့ပြောင်း နေထိုင်ကြမည့် အိမ်ထောင်စု ၅၄ စု၊ လူဦးရေ ၃၃၇ ဦးတို့အတွက် ငွေကျပ် ၃,၉၉၆,၀၀၀ တန်ဖိုးရှိ ဆန်အိတ် ၅၄ အိတ်ကိုလည်းကောင်း၊ ငွေကျပ် ၁,၉၁၇,၀၀၀ တန်ဖိုးရှိ ဆီ ၅၄ ဘူး၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်ဖာများကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ငွေကျပ် ၁၁,၇၂၉,၃၀၄ တန်ဖိုးရှိ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ တစ်လစာ၊ ပြောင်းရွှေ့စရိတ် ၅,၄၀၀,၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးတို့ကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့။
Add new comment