ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၃ ရက်တွင် နေပြည်တော်သို့ ရောက်ရှိလာရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိ သူများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

မေလ ၁၄ ရက်တွင် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲအား နေပြည်တော်လေတပ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေး ပွဲသို့ တပ်မတော်(လေ)နှင့် အိန္ဒိယလေတပ်တို့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆဋ္ဌမအကြိမ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံလေတပ်ချင်း အစည်းအဝေးခေါင်းစဉ်များအား အသီးသီးဆွေးနွေး ခဲ့ကြကာ အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။

အဆိုပါအိန္ဒိယ ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၅ ရက်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ တပ်မတော် စစ်သမိုင်းပြတိုက်၊ သူရဲကောင်းဗိမာန်၊ ကျောက်မျက်ရတနာပြတိုက်၊ မေလ ၁၆ ရက်တွင် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်နှင့် လေယာဉ်ရုံအမှတ်(၁)၊ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီး စသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြပြီး မေလ ၁၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၅-၂၀၂၄)

  • ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲသို့ တပ်မတော်(လေ)နှင့် အိန္ဒိယလေတပ်တို့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆဋ္ဌမအကြိမ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံလေတပ်ချင်း အစည်းအဝေးခေါင်းစဉ်များအား အသီးသီး ဆွေးနွေးခဲ့။

Add new comment