နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် နိုင်ငံခြားငွေကြေးပိုင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ် ရေးဆိုင်ရာကိစ္စရပ်များနှင့် ဘဏ်စနစ်အသုံးပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို မေလ ၁၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက-
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေ ရန် မူဝါဒများချမှတ်၍ ထိန်းကျောင်းလျက်ရှိကြောင်း၊ Online Trading Platform သည် တရားဝင်နိုင်ငံခြား ငွေရောင်းချဝယ်ယူသည့် တရားဝင်ဈေးကွက်ဖြစ်ကြောင်း၊ ဘဏ်များမှတစ်ဆင့် ဝယ်လိုသူ/ ရောင်းချလိုသူတို့သည် ၎င်းတို့ ရောင်းချ/ ဝယ်ယူ လိုသည့် Rate ကို နေ့စဉ်တင်ပြပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချသည့် တရားဝင် Foreign Exchange Market ဖြစ်ကြောင်း၊
- တရားမဝင် ငွေလွှဲဟွန်ဒီများဆောင်ရွက်မှုများကိုလည်း နိုင်ငံတကာကစောင့် ကြည့် နေပြီး ဗဟိုဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကြောင့်လည်း အရေးယူခံ ရနိုင်မှုများရှိကြောင်း၊
- AD လိုင်စင်ရဘဏ်များအနေဖြင့် Online Trading Platform ၌ နိုင်ငံခြားငွေများ ဝယ်ယူဆောင်ရွက်ပေးရာတွင် Beneficiary Owner သို့သာ ရောက်ရှိရန်လိုအပ် ကြောင်း၊ နယ်စပ်ကုန်သွယ်ရေး၌လည်း သွင်းကုန်လိုင်စင်များ ချပေးရာတွင် ဘဏ်စနစ်မှသွားရန် လိုအပ်ကြောင်း၊
- လက်ရှိတွင် ငွေလဲလှယ်နှုန်းတည်ငြိမ်မှုကို အဟန့်အတားဖြစ်စေသော ရွှေနှင့် နိုင်ငံခြားငွေဈေးကစားနေသူများကို ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်း သိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ စိစစ်အရေးယူလျက်ရှိကြောင်း၊
- ငွေသားအမြောက်အမြား ထုတ်ယူနေခြင်းများနှင့်စပ်လျဉ်း၍ ဒစ်ဂျစ်တယ်ငွေပေး ချေမှုနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒစ်ဂျစ်တယ်နည်း လမ်းဖြင့် သွားရောက်မှသာ လိုအပ်သည့်ကြီးကြပ်စစ်ဆေးမှုများနှင့် AML / CFT ဆိုင်ရာကိစ္စရပ်များအတွက် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အတွင်းရေးမှူးနှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ် ငန်း (AD) လိုင်စင်ရဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၅-၂၀၂၄)
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေ ရန် မူဝါဒများချမှတ်၍ ထိန်းကျောင်းလျက်ရှိ၊ Online Trading Platform သည် တရားဝင် နိုင်ငံခြား ငွေရောင်းချဝယ်ယူသည့် တရားဝင်ဈေးကွက်ဖြစ်။
- တရားမဝင် ငွေလွှဲဟွန်ဒီများဆောင်ရွက်မှုများကိုလည်း နိုင်ငံတကာကစောင့်ကြည့်နေ ပြီး ဗဟိုဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကြောင့်လည်း အရေးယူခံရနိုင် မှုများရှိ။
- လက်ရှိတွင် ငွေလဲလှယ်နှုန်းတည်ငြိမ်မှုကို အဟန့်အတားဖြစ်စေသော ရွှေနှင့် နိုင်ငံခြား ငွေဈေးကစားနေသူများကို ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ စိစစ်အရေးယူလျက်ရှိ။
Add new comment