ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် အာဆီယံပညာရေး ဝန်ကြီးများ အစည်းအဝေးတက်ရောက်

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၆ ရက်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ ဗီယင်ကျန်းမြို့၌ “ဥတုရာသီဒဏ်တွန်းလှန်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ် ပညာရေးမှ အခြေချပေး” (Building Climate Resilience from the Start: Early Childhood Education for Sustainable Future) ဟူသော ဦးတည်ချက်ဖြင့် ကျင်းပ သည့် ASEAN Ministerial Meeting on Ensuring Equal Access to Quality Early Child- hood Development and Care  အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က-

  • ယနေ့ကျင်းပသည့် အစည်းအဝေးကြီး၏ Theme ဖြစ်သည့် “ဥတုရာသီဒဏ် တွန်းလှန်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ်ပညာရေးမှ အခြေချပေး” ဆိုသည့် အတိုင်း သဘာဝဘေးအန္တရာယ်များနှင့် ပိုမိုရင်ဆိုင်ကြုံတွေ့လာရသည့် ကမ္ဘာကြီး တွင် အနာဂတ်လူငယ်များ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ရေး ကလေးသူငယ်အ ရွယ်မှစ၍ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊
  • မြန်မာနိုင်ငံအနေဖြင့် ပညာရေးကဏ္ဍ၌ တွေ့ကြုံရသည့် အခက်အခဲများနှင့် စိန် ခေါ်မှုများကို ဖြေရှင်းနိုင်ရန်၊ လူငယ်များ၏ အနာဂတ်အလားအလာများကို အပြည့် အဝဖန်တီးပေးနိုင်ရန် ၂၀၂၃ ခုနှစ်၌ ပညာရေးညီလာခံကျင်းပခဲ့ကြောင်း၊
  • ထိုသို့ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနတို့၏ ကြိုးပမ်းအားထုတ်မှု ဖြင့် ရရှိလာသည့် အသီးအပွင့်များမှ သိသာထင်ရှားသော ရလဒ်တစ်ခုမှာ ကျောင်း အခြေပြုမူကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ယင်းကျောင်းများ၌လည်း ကျောင်းတက်ရောက်သူဦးရေ တိုးမြင့်ခဲ့ကြောင်း၊
  • ကလေးသူငယ်များကို အသက်အရွယ်အလိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မှန် ကန်သောအသိစိတ်ဓာတ်နှင့် ချစ်မြတ်နိုးစိတ်ရှိစေရေး လေ့ကျင့်ပေးခြင်း၊ ဒေသ တွင်းနိုင်ငံများအချင်းချင်း အတွေ့အကြုံဗဟုသုတများဖလှယ်ခြင်းတို့ဖြင့် အနာဂတ် ၏ ခေါင်းဆောင်များကို ပြုစုပျိုးထောင်ပေးနိုင်ကြောင်း ပြောကြားခဲ့။

ထို့နောက် အာဆီယံလူမှုအသိုက်အဝန်းအတွင်း အရည်အသွေးရှိသည့် ရှေးဦး အရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးပညာ တန်းတူညီမျှရရှိရေးဆိုင်ရာ Vientiane သဘော တူညီချက်ကို တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများက အတည်ပြုကြေညာခဲ့ပါသည်။ ဒုတိယဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်နှင့် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်းတို့ အစည်းအဝေးတက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၅-၂၀၂၄)

  • ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် အာဆီယံပညာရေးဝန်ကြီး များ အစည်းအဝေးတက်ရောက်ခဲ့ပြီး အစည်းအဝေးကြီး၏ Theme ဖြစ်သည့် ဥတု ရာသီဒဏ် တွန်းလှန်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ်ပညာရေးမှ အခြေချပေးဆွေးနွေးခဲ့။
  • အစည်းအဝေးတွင် အာဆီယံလူမှုအသိုက်အဝန်းအတွင်း အရည်အသွေးရှိသည့် ရှေးဦး အရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးပညာ တန်းတူညီမျှရရှိရေးဆိုင်ရာ Vientiane သဘောတူညီချက်ကို တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများက အတည်ပြု ကြေညာခဲ့။

 

Add new comment