မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား အနာဂတ်တွင်ပူးပေါင်းဆောင်ရွက်နိုင်မည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာနယ်ပယ်များ၊ ပူးတွဲစီမံချက်များနှင့် ပူးတွဲလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဆွေးနွေးရန်၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများစီစဉ်ရန်နှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးတွဲသုတေသနစီမံကိန်းများချမှတ်နိုင်ရေး ဆွေးနွေးရန် ရည်ရွယ်၍ မြန်မာ-အိန္ဒိယ သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေးကို မေလ ၁၆ ရက်မှ ၁၇ ရက်အထိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။
- အစည်းအဝေးတွင် ပြန်ပြည့်မြဲစွမ်းအင်သုတေသန၊ လျှပ်စစ်သုံးယာဉ်ဘက်ထရီ ဆိုင်ရာ သတ္တုနှင့်ဒြပ်ပစ္စည်းများသုတေသနများ၊ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ် ပစ္စည်းများဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းများ၊ Geospatial Technology ၊ မောင်းသူမဲ့လေကြောင်းစနစ်၊ ဇီဝ နည်းပညာ အပါအဝင် အစားအသောက်ဆေးဝါးနှင့် စိုက်ပျိုးရေး၊ နာနိုနည်းပညာ၊ Blockchain ၊ စက်ရုပ်နှင့် AI Virtual Reality နှင့် Augmented Reality (3D ပုံရိပ်ဖော်နည်းပညာများ) ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ အစိမ်းရောင်နည်းပညာ များ၊ Smart University နည်းပညာများအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ပူးတွဲစီမံချက်များ၊ ပူးတွဲအလုပ်ရုံဆွေးနွေးပွဲများ၊ ဆွေးနွေးပွဲများနှင့်သင်တန်းများ စီစဉ်နိုင်ရေး၊ သိပ္ပံနှင့်နည်းပညာမဟာဗျူဟာ စီမံကိန်းအတွက် လေ့လာဆန်းစစ် ခြင်းတို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အစီအမံများ ညှိနှိုင်းရေးဆွဲချမှတ်သွား ကြမည်ဖြစ်။
အစည်းအဝေးကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦးနှင့် အိန္ဒိယသမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ညွှန်ကြားရေး မှူးချုပ် Dr. Praveen Kumar Somasundaram တို့က ပူးတွဲသဘာပတိအဖြစ် ကြီးမှူး ၍ မြန်မာ-အိန္ဒိယ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အိန္ဒိယသိပ္ပံနှင့်နည်းပညာဦးစီးဌာနမှကိုယ်စားလှယ် များ၊ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးကိုယ်စားလှယ်နှင့် နေပြည်တော်ရှိ အိန္ဒိယဆက်ဆံရေး ရုံး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၅-၂၀၂၄)
- မြန်မာ-အိန္ဒိယ သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပခဲ့ပြီး ပြန်ပြည့်မြဲစွမ်းအင်သုတေသန၊ လျှပ်စစ်သုံးယာဉ်ဘက်ထရီ ဆိုင်ရာ သတ္တုနှင့်ဒြပ်ပစ္စည်းများသုတေသနများ၊ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်း များဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်း များဆွေးနွေးခဲ့။
Add new comment