မြန်မာအမျိုးသားလေကြောင်းမှ ရန်ကုန်-နန်နင်း-ရန်ကုန် cargo ခရီးစဉ် စတင်ပျံသန်းပြေးဆွဲ

မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန်-နန်နင်း-ရန်ကုန် ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်‌ရေးလေကြောင်းခရီးစဉ်များ(Cargo Flight) အား မေလ  ၁၆ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737-800 Freighter လေယာဉ်ဖြင့် စတင်ပျံသန်း ပြေးဆွဲခဲ့ကြောင်း မြန်မာအမျိုးသားလေကြောင်းမှ သိရှိရပါသည်။

အဆိုပါ (Cargo Flight) အား တစ်ပတ်လျှင် သုံးကြိမ် အင်္ဂါ၊ ကြာသပတေးနှင့် စနေ  တို့တွင် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်းနှင့် ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်‌ရေးလေကြောင်း ခရီးစဉ်များ(Cargo Flight) ပျံသန်းပြေးဆွဲသည့် Boeing 737-800 Freighter လေယာဉ် သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး  မြန်မာ အမျိုးသားလေကြောင်း၏ ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်‌ရေးလေကြောင်းခရီးစဉ်များဖြစ်သော ရန်ကုန်-ကူမင်း-ရန်ကုန်၊ ရန်ကုန်-ဗန်ကောက်-ရန်ကုန်၊ ရန်ကုန်-စင်္ကာပူ-ရန်ကုန်နှင့် ရန်ကုန်-မန်စီ-ရန်ကုန် Cargo ခရီးစဉ်များတွင် ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၅-၂၀၂၄)

  • မြန်မာအမျိုးသားလေကြောင်းမှ ရန်ကုန်-နန်နင်း-ရန်ကုန် (Cargo Flight) တစ်ပတ်လျှင် သုံးကြိမ် အင်္ဂါ၊ ကြာသပတေးနှင့် စနေတို့တွင် ပျံသန်းပြေးဆွဲမည်ဖြစ်။

Add new comment