ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ဆင်ဟွာသတင်း အေဂျင်စီတို့ လုပ်ငန်းသဘောတူညီချက် Service Provision Agreement သတင်းဝန် ဆောင်မှု အသုံးပြုခြင်း စည်းကမ်းချက်ဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို မေလ ၁၅ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ခဲ့ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဆင်ဟွာသတင်းအေဂျင်စီ၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဗျူရို၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Li Kai တို့က မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားနှင့် ဆင်ဟွာသတင်းအေဂျင်စီတို့ လုပ်ငန်းသဘောတူညီချက် Service Provision Agreement ကို (မြန်မာ-အင်္ဂလိပ်) နှစ်ဘာသာဖြင့် လက်မှတ် ရေးထိုးခဲ့ပါသည်။
ဆင်ဟွာသတင်းဌာန (XINHUA NEWS AGENCY) ၏ မူဝါဒမှာ သတင်းအကြောင်း အရာများ မှန်ကန်ခြင်းနှင့် မျှတခြင်းဖြစ်ပြီး ၎င်းတို့သတင်းများကို ပြည်တွင်း၊ ပြည်ပ နိုင်ငံများသို့ ဖြန့်ဖြူးရောင်းချခြင်း၊ သတင်းဖလှယ်ခြင်းများ ဆောင်ရွက်လျက်ရှိ ရာ ယခုအခါ MRTV နှင့် သတင်းများ အခမဲ့ဖလှယ်အသုံးပြုရန် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် လုပ်ငန်းသဘော တူညီချက် Service Provision Agreement ကို ဦးစွာလက်မှတ်ရေးထိုး ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၅-၂၀၂၄)
- မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဆင်ဟွာသတင်းအေဂျင်စီတို့ လုပ်ငန်းသဘော တူညီချက် Service Provision Agreement ကို မေလ ၁၅ ရက်တွင် (မြန်မာ-အင်္ဂလိပ်) နှစ်ဘာသာဖြင့် လက်မှတ်ရေးထိုးခဲ့။
- ဆင်ဟွာသတင်းဌာနသည် MRTV နှင့် သတင်းများ အခမဲ့ဖလှယ်အသုံးပြုရန်နှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် လုပ်ငန်းသဘောတူညီချက် ကို ဦးစွာ လက်မှတ်ရေးထိုးဆောင်ရွက်ခြင်းဖြစ်။
Add new comment