တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄) ကို မေလ ၁၅ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပခဲ့ရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ရာတွင်-

  • ဦးဆောင်ကော်မတီပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီးရမိမှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဖမ်းဆီးရမိအမှုတွဲ (၁၂၄၃၀) မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၂၅၀ ဒသမ ၁၇၆ ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း။
  • နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖမ်းဆီး ရရှိမှုများတွင် မန္တလေးတိုင်းဒေသကြီးက ပထမအများဆုံး၊ ကချင်ပြည်နယ်က ဒုတိယအများဆုံးနှင့် တနင်္သာရီတိုင်းဒေသကြီးက တတိယအများဆုံး ဖမ်းဆီးရ မိခဲ့သည်ကို တွေ့ရှိရကြောင်း။
  • ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့မော်တော် ယာဉ်နှင့် တရားမဝင်ကုန်စည်တင်ရေယာဉ်အပါအဝင် မော်တော်ယာဉ်ယန္တရား ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက လုပ်ငန်းသုံး ကုန်ကြမ်းများဖြစ်ကာ တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ် သည်ကို တွေ့ရှိရကြောင်း။
  • အာဆီယံဒေသတွင်းတွင်လည်း တရားမဝင်ကုန်သွယ်မှုများ မြင့်တက်လာခြင်း သည် အစိုးရများနှင့် တရားဝင်စီးပွားရေးလုပ်ငန်းများကို ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့်အပြင် ဇီဝမျိုးစုံ၊ မျိုးကွဲများ၊ လူ့အသက်များနှင့် လူ့အခွင့်အရေး များကို သိသိသာသာထိခိုက်လာစေကြောင်း။
  • ထိခိုက်နစ်နာရသည့် အဓိကကဏ္ဍများအနေဖြင့် ဆေးလိပ်၊ အရက်၊ အဖျော် ယမကာ၊ အရုပ်နှင့်ကစားစရာဂိမ်းများ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ ဆေးဝါးများ၊ စိုက်ပျိုးရေးဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများနှင့် မူပိုင်ခွင့်ခိုးကူး ခြင်းတို့ပါဝင်ကြောင်းကို ဖော်ပြထားကြောင်း။
  • မိမိတို့နိုင်ငံအနေဖြင့် သယံဇာတပေါကြွယ်ဝပြီး စိုက်ပျိုးရေးကို အဓိကအခြေခံ သည့် နိုင်ငံဖြစ်သည့်အတွက် သယံဇာတထုတ်ကုန်များနှင့် စိုက်ပျိုးရေးထွက်ကုန် များကို အဓိကထားပြီး ထုတ်လုပ်တင်ပို့လျက်ရှိကြောင်း။
  • တရားမဝင်ကုန်သွယ်မှုများကြောင့် အခွန်ဘဏ္ဍာများစွာဆုံးရှုံးခြင်း၊ နိုင်ငံ၏ လူမှုစီးပွားရေးကဏ္ဍများအပေါ် အပြုသဘောမဆောင်သည့် သက်ရောက်မှု များစွာ ရှိနေခြင်းများကြောင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆောင် ရွက်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအပြင် ပြည်သူအားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။
  • Online မှ ပြည်တွင်းတွင် ရောင်းချသည့်ဆေးဝါး၊ အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန် စသည့်ကုန်စည်အများစုသည်လည်း တရားမဝင်လမ်းကြောင်းများက တင်သွင်းရောင်းချနေခြင်းဖြစ်ကြောင်းကို စိစစ်တွေ့ရှိရကြောင်း။
  • အထူးအဖွဲ့များနှင့် One Stop Service (OSS) ဌာနဆိုင်ရာများအပြင် FDA, CID တို့အနေဖြင့် ပုံမှန်တားဆီးဖမ်းဆီးခြင်း၊ အသွင်ယူသတင်းထောက်လှမ်းတားဆီး ဖမ်းဆီးခြင်းနှင့် သတင်းပေးတိုင်ကြားမှုများအရ တားဆီးဖမ်းဆီးခြင်းများကို ထိထိရောက်ရောက် ယခုထက်ပိုပြီး ဆောင်ရွက်သွားကြရန် တိုက်တွန်းပြော ကြားလိုကြောင်း။
  • တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင်ပို့ကုန်ပမာဏကျဆင်းပြီး နိုင်ငံ ခြားသုံးငွေဝင်ရောက်မှုကျဆင်းစေခြင်း၊ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ငွေပေးချေမှုများ ပြုလုပ်နေခြင်းကြောင့် မှောင်ခိုငွေကြေးဈေးကွက်ဖြစ်ပေါ် စေခြင်း၊ နိုင်ငံတော်၏ ရငွေ/သုံးငွေ စာရင်းအမှန်များ တွက်ချက်ရန် အခက် အခဲများ ဖြစ်စေခြင်းနှင့် အကျိုးဆက်အားဖြင့် မှန်ကန်သည့်ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာမူဝါဒများ ချမှတ်နိုင်ရေးအပေါ် အဟန့်အတားအနှောင့်အယှက် ဖြစ်စေခြင်းတို့ကို တွေ့ရှိရကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအတွင်း ရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ပြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း ခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက် ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၅-၂၀၂၄)

  • ဦးဆောင်ကော်မတီပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီးရမိမှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဖမ်းဆီးရမိအမှုတွဲ (၁၂၄၃၀) မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၂၅၀ ဒသမ ၁၇၆ ဘီလီယံ ဖမ်းဆီးရမိခဲ့။
  • နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖမ်းဆီး ရရှိမှုများတွင် မန္တလေးတိုင်းဒေသကြီးက ပထမအများဆုံး၊ ကချင်ပြည်နယ်က ဒုတိယအများဆုံးနှင့် တနင်္သာရီတိုင်းဒေသကြီးက တတိယအများဆုံး ဖမ်းဆီးရ မိခဲ့သည်ကို တွေ့ရှိရ။
  • ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့မော်တော် ယာဉ်နှင့် တရားမဝင်ကုန်စည်တင်ရေယာဉ်အပါအဝင် မော်တော်ယာဉ်ယန္တရား ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက လုပ်ငန်းသုံး ကုန်ကြမ်းများဖြစ်ကာ တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ် သည်ကို တွေ့ရှိရ။
  • တရားမဝင်ကုန်သွယ်မှုများကြောင့် အခွန်ဘဏ္ဍာများစွာဆုံးရှုံးခြင်း၊ နိုင်ငံ၏ လူမှုစီးပွားရေးကဏ္ဍများအပေါ် အပြုသဘောမဆောင်သည့် သက်ရောက်မှု များစွာ ရှိနေခြင်းများကြောင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆောင် ရွက်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအပြင် ပြည်သူအားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန် လို။
  • အထူးအဖွဲ့များနှင့် One Stop Service (OSS) ဌာနဆိုင်ရာများအပြင် FDA, CID တို့အနေဖြင့် ပုံမှန်တားဆီးဖမ်းဆီးခြင်း၊ အသွင်ယူသတင်းထောက်လှမ်းတားဆီး ဖမ်းဆီးခြင်းနှင့် သတင်းပေးတိုင်ကြားမှုများအရ တားဆီးဖမ်းဆီးခြင်းများကို ထိထိရောက်ရောက် ယခုထက်ပိုပြီး ဆောင်ရွက်သွားကြရန် တိုက်တွန်းပြော ကြားလို။

Add new comment