တိုကျိုမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အီသီယိုပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံသံအမတ်ကြီး အဖြစ် မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ်အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ်သည် အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အဲဒစ်အဘာဘာမြို့ရှိ အိုရိုမီယာဒေသ စားနပ်ရိက္ခာဖူလုံရေးရုံးအကြီးအကဲ၊ အိုရိုမီယာဒေသ လူထုစည်းရုံးရေးနှင့် လူမှုရေးရာဗျူရိုအကြီးအကဲ၊ အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘူရာယုမြို့တော်ဝန်၊ အဲဒစ်အဘာဘာမြို့တော် အုပ်ချုပ်ရေးရုံး၏ စွမ်းရည်မြှင့်တင်ရေးဗျူရိုအကြီးအကဲ၊ အိုရိုမီယာဒေသ ပညာရေးဗျူရို အကြီးအကဲ၊ အိုရိုမီယာဒေသ စိုက်ပျိုးရေးနှင့် သဘာဝအရင်းအမြစ်ဗျူရိုအကြီးအကဲ၊ ရဝမ်ဒါသမ္မတနိုင်ငံဆိုင်ရာ အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးစသည့် ရာထူးများကို ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် တိုကျိုမြို့အခြေစိုက် ဂျပန်နိုင်ငံဆိုင်ရာ အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၅-၂၀၂၄)
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အီသီယိုပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ်အား သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူခဲ့။
- အဆိုပါသံအမတ်ကြီးသည် လက်ရှိတွင် တိုကျိုမြို့အခြေစိုက် ဂျပန်နိုင်ငံဆိုင်ရာ အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိ။
Add new comment