ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ယာယီနေရပ်စွန့်ခွာသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအတွက် ၎င်းတို့ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် သက်ဆိုင်ရာပြည်နယ်အစိုးရများ၏ စီမံကြီး ကြပ်ဆောင်ရွက်မှုဖြင့် မေလ ၁၄ ရက်တွင်-

  • မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲနှင့် ဝါးခယ်မမြို့နယ်တို့သို့ ရောက်ရှိ နေသော ယာယီနေရပ်စွန့်ခွာသူ ၅၃ ဦးအတွက် တစ်ဦးလျှင် ဆန် ၂ ဗူးနှုန်းဖြင့် (၃ လစာ) ဆန်အိတ် ၄၉ အိတ်အား ထောက်ပံ့ပေးခဲ့။
  • ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ နယ်ရှိ ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာသူများအား သွားရောက်တွေ့ဆုံ၍ အိမ်ထောင်စု ၁၀၃ စု၊ လူဦးရေ ၄၀၀‌ ကျော်တို့အတွက် ဆန်အိတ် ၁၀၃ အိတ်နှင့် ငွေကျပ် ၆၇၈,၂၅၅ တန်ဖိုးရှိ ဆီနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့သည့် အပြင် အိမ်ထောင်စုများအတွက် နေအိမ်ဆောက်လုပ်ရာတွင် အထောက်အပံ့ ဖြစ်စေရေးအတွက် ငွေကျပ် ၅၅ သိန်းထောက်ပံ့ပေးအပ်ခဲ့။

ပြည်နယ်အစိုးရအနေဖြင့် ကျေးရွာအတွင်း ပျက်စီးယိုယွင်းခဲ့သော နေအိမ် အဆောက်အအုံများအား အမိုးအကာများဖြင့် လုံခြုံစွာပြန်လည်နေထိုင်နိုင်ရေးနှင့် လိုအပ်သည့် လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများကို အတက်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၅-၂၀၂၄)

  • မြောင်းမြမြို့ရှိ ယာယီနေရပ်စွန့်ခွာသူ ၅၃ ဦးအတွက် တစ်ဦးလျှင် ဆန် ဗူး နှုန်းဖြင့် ( လစာ) ဆန်အိတ် ၄၉ အိတ်အား ထောက်ပံ့ပေးခဲ့။
  • ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ နယ်ရှိ ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာသူများအား သွားရောက်တွေ့ဆုံ၍ အိမ်ထောင်စု ၁၀၃ စုအတွက် ဆန်အိတ် ၁၀၃ အိတ်နှင့် ငွေကျပ် ၆၇၈,၂၅၅ တန်ဖိုးရှိ ဆီနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့။

Add new comment