ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် မေလ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်မည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မေလ ၁၅ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ပြီး သင်တန်းသားစေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံလေတပ်နှစ်ရပ်အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာကိစ္စ ရပ်များ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်(လေ)မှ အရာရှိကြီးများ၊ အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill နှင့် အိန္ဒိယလေတပ် မှအရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၅-၂၀၂၄)
- ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSMအား တွေ့ဆုံစဉ် နှစ်နိုင်ငံလေတပ် နှစ်ရပ်အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့။
Add new comment