၂၀၂၄ ခုနှစ် လေးလတာကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် နှစ်သိန်းလေးသောင်းကျော်ဝင်ရောက်

 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်အထိ လေးလတာကာလ အတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း ခရီးသွားဧည့်သည် ၂၃၂၃၉၃ ဦး၊ နိုင်ငံခြားခရီးသွားဧည့်သည့် ၈၂၇၇ ဦး စုစုပေါင်း ၂၄၀၆၇၀ ဦးလာရောက်လည်ပတ်ခဲ့ကြပါသည်။

ငွေဆောင်ကမ်းခြေသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏အနောက်ဘက် ၄၈ ကီလိုမီတာတွင်တည်ရှိပြီး၊ ပင်လယ်ကမ်းရိုးတန်းရှည်လျားခြင်း၊ သဲသောင်ပြင် သန့်ရှင်းခြင်း၊ ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ခရီးသွားဧည့်သည်ဝင်ရောက်မှု  ပိုမိုများပြားလျက်ရှိပါသည်။

ငွေဆောင်ကမ်းခြေ၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ကျွန်းလျားရှည်နှင့် ချစ်သူများကျွန်းတို့သို့ ခရီးသွားလာရောက် လည်ပတ် မှုပိုမိုများပြားပြီး ငှက်ကျွန်းသည် ငွေဆောင်ကမ်းခြေမှ ရေမိုင် ၉ မိုင်ခန့်ကွာ ဝေးသော ဇီဝဇိုးငှက်များနေထိုင်သည့် ကျွန်းတစ်ကျွန်းဖြစ်ကာ ငှက်ကျွန်း၏ ရေပြင်မှာကြည်လင် နေကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၅-၂၀၂၄)

  • ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်အထိ လေးလတာကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ပြည်တွင်းခရီးသွားဧည့်သည် ၂၃၂၃၉၃ ဦး၊ နိုင်ငံခြားခရီးသွား ဧည့်သည့် ၈၂၇၇ ဦး စုစုပေါင်း ၂၄၀၆၇၀ ဦးလာရောက်လည်ပတ်ခဲ့။
  • ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်းရှည်လျားခြင်း၊ သဲသောင်ပြင် သန့်ရှင်းခြင်း၊ ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ခရီးသွားဧည့်သည် ဝင်ရောက်မှု ပိုမိုများပြားခြင်းဖြစ်၊ မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ကျွန်းလျားရှည်နှင့် ချစ်သူ များကျွန်းတို့သည် အထင်ကရကျွန်းများဖြစ်ကြပြီး ခရီးသွားလာရောက် လည်ပတ် မှုပိုမိုများပြားလျက်ရှိ။

 

 

 

Add new comment